part 12

5.5K 251 31
                                    

Zawgyi#

လုကောရဲ့ စကားကြောင့် အခန်းထဲမှာရှိတဲ့ သူရော ဟိုအတို့အထောင် ပဲပင်ပေါက်ကောင် ရော မျက်လုံး ပြူးသွားတာ အမှန်

"ဘာလို့ အကျယ်ကြီး အော်နေရတာလဲ "

"လုကော တကယ်လား ကျွန်တော့ ဆီမှာ ကျွန်တော့်ဆီမှာ သေးသေးလေး ရှိနေတာ တကယ်လား "

"ဟာ ငါက လိမ်မလား တကယ်ဘဲ "

"တကယ်နော် တကယ် ဟုတ်ပါတယ်နော် ဝမ်းသာလိုက်တာ ဝမ်းသာလိုက်တာ  ငါတော့ ကလေး အဖေဖြစ်ပြီ ကွ ဟဟ ကလေး အဖေဖြစ်ပြီ သေးသေးလေးရဲ့ အဖေဖြစ်ပြီ ရေးရေး  "

ဝမ်းသာအားရနဲ့ ထိုင်ရင်းလက်နှစ်ဖက်မြောက်ကာ ပျော်မြူး နေတဲ့ သူကို ကြည့်ပြီး ကျွန်တော့်ရဲ့ အပြုံးတွေက အတောမသတ်နိုင်တော့

"ဖူယောင် တွေ့လား ငါပြောသားဘဲ ငါလုပ်နိုင်ပါတယ်လို့ မင်းကတိမင်းတည်နော် ပေကျင်းက အိမ်နဲ့ ခြံက ငါ့ရဲ့ သေးသေးလေး အတွက်ဘဲ "

သူကလက်ညှိုးထိုးပြီး ပြောလေတော့ ပဲပင်ပေါက်က ပြုံးကာ ခေါင်း တဆတ်ဆတ် ညိတ်ပြလိုက်ပြီးတာနဲ့ သူရဲ့ လက်နှစ်ဖက်လုံး ပဲပင်ပေါက် ပခုံးပေါ်ရောက်သွားပြီး နှုတ်ခမ်းတွေကလည်း ပါးပြင်ပေါ်ကို ရောက်သွားလေသည်

#ဟာ ကုန်ပြီ ငါပိုင်တဲ့ နှုတ်ခမ်းလေး မရဘူး မရဘူး ငါပိုင်တဲ့နှုတ်ခမ်း ငါပြန်ယူရမယ် #

အတွေးကနောက် လူက အရင်မို့ သူ့အနား မြန်မြန်လျောက်သွားလိုက်ပြီး ပူးကပ်နေရာကနေ ကိုယ့်ဘက်ပါလာအောင် ဆွဲထုတ်လိုက်သည်

"မင်းယောင်္ကျားကငါ ငါနဲ့လည်း ပျော်ဖို့ထားအုံး "

"ဟွန့် လာမလုပ်နဲ့ သွား ခုနက ကျ ငါ့ကို ထားခဲ့ပြီးတော့ "

"အဲ့ဒါက ကျစ် ဘာပဲဖစ်ဖစ် တောင်းပန်တယ်ကွာ နောက်တခါ မဖြစ်စေရဘူး "

"တွေ့လား သေးသေးလေးရေ မင်းရဲ့ daddyက ပါးပါးကို အခုတောင်ကျစ်တွေ ဘာတွေ ပြောနေပြီ မင်းနဲ့ ပါးပါးကို daddyက စိတ်လုံးဝမရှည်ဘူး သိလား အပြင်ရောက်လာရင်လေ daddy ကို မချစ်နဲ့နော် ပါးပါးကိုဘဲ ချစ် "

ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်ကာ ဗိုက်လေးကိုပွတ်ပြီး ပြောနေတဲ့ ယုန်ပေါက်ကြောင့် ဖျစ်ညစ်ချင်တာ အမှန် ဘာတဲ့ #ပါးပါးကိုဘဲချစ် daddyကို မချစ်နဲ့တဲ့ #ရမှလား စဉ်းစားလေ အဲ့သေးသေးလေးရဖို့ ဆိုတာ ဒီကdaddyက ဘယ်လောက်တောင် ဒူးနာခံခါးနာခံခဲ့ရတယ်မှတ်လဲ တစ်ယောက်တည်းကိုဘဲ ချစ်လို့ရမလား စဉ်းစားလေ တဖက်သတ်ကြီးမချစ်အောင် ထိန်းသိမ်းချင်နေရအောင်လည်း မအလ  မဟုတ်

You've reached the end of published parts.

⏰ Last updated: Mar 12, 2022 ⏰

Add this story to your Library to get notified about new parts!

ဆက်ရန် (အဆုံးမရှိ) 🌝🌚🌝🌚ဆက်ရန် (အဆုံးမရှိ) Where stories live. Discover now