part 6

6.2K 390 24
                                    

Zawgyi#

Ge luနဲ့ oh sehunတို့ ပြန်သွားတော့ အခန်းထဲမှာ သူနဲ့ကျွန်တော်နဲ့နှစ်ယောက်တည်း ဘယ်သူကမှ စကားမစမိ အခန်းထဲမှာအပ်ကျသံတောင်မကြားရသည်အထိတိတ်ဆိတ်လွန်းသည် တိတ်ဆိတ်မှုကို ဖြိုခွဲဖို့ရာ ကျွန်တော်ကဘဲ စလိုက်မလို့ပါးစပ်ပြင်ရုံ ရှိသေး သူက ထရပ်လိုက်ပြီး ရေချိုးခန်းဘက်ကို လျောက်သွားသည်

"ဘာလုပ်မလို့လဲ "

ကျွန်တော်ပြောလိုက်တော့ သွားနေရာကနေ ကျွန်တော်ရှိရာ ဘက်ကို စောင်းကြည့်လာသည်

"ရေချိုးမလို့ ဒါနဲ့မင်းရောမပြန်သေးဘူးလား"

"ငါက ဘယ်ကို ပြန်ရမှာလဲ "

"မင်းနေတဲ့နေရာလေ "

"ငါနေတာ ဒီမှာလေ "

"ရူးကြောင်ကြောင်ပြောမနေနဲ့ ပြန်စရာရှိတာပြန် အိမ်မှာ သူတယောက်တည်းမို့လား အော်ဟုတ်သား မနေ့က ဆေးရုံပို့လိုက်ရတာ သူမို့လား သွားလိုက်အုံး သတိရပြီဆို "

"သူ့ဘာသူ သတိရတာ ငါနဲ့ ဘာဆိုင်လဲ ဘယ်မှလည်းမသွားနိုင်ဘူး ဒီအိမ်ကငါ့အိမ် အဲ့တော့ ဒီကနေ တဖဝါးမှ မခွာနိုင်ဘူး "

". ......"

သူကတော့ ကျွန်တော်ကို စိတ်ပျက်သလိုကြည့်ပြီး ရေချိုးခန်းဘက်ကို လှည့် သွားတာကြောင့် အနားကိုမြန်မြန်သွားလိုက်ပြီး လက်ကို ဆွဲထားလိုက်သည်

"ဘာလဲ "

"တူတူချိုးမယ် "

"ငါ့ဘာသာချိုးမယ် လာမရှုပ်နဲ့"

"ရှုပ်တာ မဟုတ်ဘူး အရင်လိုဘဲ ပြန်နေကြရအောင်  ရှောင်ကျန့် ငါမင်းနဲ့ဝေးပြီးတရက်ကလေးတောင်ကောင်းကောင်းမနေနိုင်ဘူး "

သူက ကျွန်တော်ဆွဲထားတဲ့ လက်ကို ရုန်းလိုက်ပြီး

"မဖြစ်နိုင်တော့ဘူးရိပေါ် မင်းနဲ့ငါနဲ့က ဘယ်လိုမှ ပြန်ဆုံစည်းလို့မဖြစ်နိုင်တော့ဘူး မင်းလည်း မင်းဘဝနဲ့မင်း ကြိုက်သလို နေနိုင်ပြီဘဲ ငါ့မျက်နှာကို ကြည့်စရာမလိုတော့ဘူး ငါနဲ့ သဝန်တိုမှု ချုပ်ချယ်မှုတွေကြောင့် မင်းစိတ်ညစ်စရာမလိုတော့ဘူးလေ လွတ်လွတ်လပ်လပ်ဘဲ​နေပါ မင်းငါမရှိလည်းပျော်မှာပါ"

ဆက်ရန် (အဆုံးမရှိ) 🌝🌚🌝🌚ဆက်ရန် (အဆုံးမရှိ) Where stories live. Discover now