ကိုယ်မင်းဓာတ်ပုံလေးကို ဒယ်ဒီလာပြထဲက စိတ်ဝင်စားတာမို့
ဒီမှာတောင် တကူးတက ကျောင်းလာတက်ခဲ့ရတာပါ ဟန်။ ဒယ်ဒီပေကျင်းသွားလည်ရင်တောင် မင်းနေပုံထိုင်ပုံလေးကို
တွေ့ချင်လို့ ဓာတ်ပုံရိုက်ခဲ့ဖို့ မာမီမသိအောင် ကိုယ့်ဒယ်ဒီကို
ပူစာခဲ့ရတာဆိုရင်ရော မင်းယုံပါ့မလား။ ခုတွေ့ခုကြိုက်မဟုတ်ရပါဟန်ရယ် ကိုယ်မင်းကို ငယ်ငယ်ထဲက အရိပ်တကြည့်
ကြည့်ချစ်ချင်တဲ့သူပါ ဒါတွေမင်းလေးသိပါ့မလား။ မာမီအမြင်
မကြည်တဲ့မင်းလေးကို ဟန်ကဘယ်လိုဆိုတာ သက်သေပြချင်လို့ မင်းလေးအနားအရောက်လှမ်းလာတဲ့သူကို အဝေး
ကိုတော့ တွန်းမလွှတ်ပါနဲ့နော်။

ည 8နာရီတောင်ထိုးပြီမို့ ဟန်ကိုသွားကြိုမယ်ဆိုပြီး အန်ကယ်
လေးကိုပြောကာ လမ်းထိပ်ကိုခြေလျင်ဘဲလျှောက်လာခဲ့လေ
သည်။ ဟိုဘက်လမ်း ဘတ်ဟွန်းတို့ အိမ်ရှေ့ရောက်တော့
ခြံရှေ့ အုပ်ခုံပေါ်ထိုင်စောင့်နေလိုက်သည်။ အိမ်ထဲဝင်လို့ရပေ
မယ့် ဟန်အနေခက်စေအောင် မလုပ်ရက်ပါလေ။ခဏအကြာ
ကျောင်းသားလေးတစ်သိုက်ထွက်လာခဲ့ကြလေသည်။
မင်ဆော့နဲ့ ဂျုံဒယ်က သူ့ကိုတွေ့တာမို့ နှုတ်ဆက်ကာ စက်ဘီး
နဲ့ထွက်သွားကြလေသည်။ လူတွေကုန်ပြီဆိုမှ ဟန်က ဘတ်
ဟွန်းနဲ့ ထွက်လာခဲ့လေသည်။ လိုက်ပို့မလို့ ထင်ပါရဲ့
သူထိုင်စောင့်နေတာကို တွေ့တာမို့ မျက်နှာလေးက ပြုံးသွား
လေသည်။ ဒါဆို ကိုယ်နဲ့မင်း အဆင်ပြေနေတယ်လို့
ယူဆလို့ရမလား ဟန်။

"ရှောင်လု အကိုလာကြိုပြီး လိုက်သွားလိုက်တော့ "

"အွန်း "

"မနက်ဖြန် Mathsပြိုင်မှာနော် မင်းနဲ့ငါဘယ်သူအဖြေ
ထွက်မလည်း လောင်းမလား "

"စိန်လိုက်လေ ဗြောင်ရဲ့ ရှုံးတဲ့လူ နှဖူးတောက်ကြေးနော် "

ဘတ်ဟွန်းက ပြောရင်း အိမ်ထဲပြေးဝင်သွားတော့သည်။
လူငယ်သဘာဝ စကြနောက်ကြမို့ ဆယ်ဟွန်း ပြုံးကာသာ
စောင့်နေမိလေသည်။

"ကိုကို..လာကြိုတာလား.."

"အင်း..ဒီနေ့စောသားဘဲ ဟန်.."

"ဟုတ်တယ်..ဒီနေ့အချိန်ပိုမတက်ရဘူးလေ..အာ့ကြောင့်."

"သွားရအောင်လေဟန်..စက်ဘီးကိုယ်နင်းပေးရမလား."

Meaning Of Love [Completed]Where stories live. Discover now