Part (4)

171 12 0
                                    

လုဟန်တို့ ကျောင်းတွေပြန်ဖွင့်ပြီမို့  အလုပ်ရှုပ်နေတော့သည်။
အ၀တ်အစား အမြန်ဝတ်။ စာအုပ်တွေကို ကျောပိုးအိပ်ထဲ ကပျာကယာထည့်ပြီး ၊မှန်ရှေ့ရပ်ကာ ပွယောင်းနေသော ဆံပင်
ကို တစ်ချက်နှစ်ချက် သက်ချကာ အခန်းပြင်ကို ထွက်လာခဲ့
လေတော့သည်။ မမရှောင်မီကသိပ္ပံဘာသာရပ်ကို ရွေးယူကာ finalတက်နေတာမို့ လမ်းထိပ်က လာကြိုသော ဖယ်ရီဖြင့်သာကျောင်းကို သွားလေသည်။ အန်ကယ်လေးကလည်း
breakfastစားပြီး မနက်စောစော အစည်းအဝေးရှိတယ်
ဆိုကာ Company သွားလေတော့သည်။ အန်တီလေ
ရှောင်ရန်းဇီ ကတော့ ဂျေဟွန်းကို ကျောင်းသွားပို့လေသည်။
အော...လုဟန် မေ့နေသည်ဘဲ ဟိုလူကြီး ရှိသေးတယ်မလား
ဟိုဘဘက်လမ်းက ဗြောင်တို့အိမ်ကို လမ်းလျှောက်မသွားချင်
တာမို့ ဟိုတစ်နေ့က လေးလေးကျန်း ပို့ပေးလိုက်သော
ကားနဲ့ ကပ်စီးသွားရမယ် ။ တွေးရင်း ပြုံးစိစိဖြစ်သွားကာ
ဟိုလူကြီး လာရာကို အိမ်တံခါးပေါက်ဝ ကနေ
စောင့်နေလိုက်တော့သည်။

ဆယ်ဟွန်း ကျောင်းမသွားဘဲ တံခါးပေါက်ဝမှာ ရစ်သီရစ်သီ လုပ်နေသော လုဟန်ကို တွေ့လိုက်ရတာမို့ မနေ့က မကြည်
လင်သော စိတ်နဲ့ပေါင်းကာ မျက်မှောင်ကျူံ့ကာ စိုက်ကြည့်
ပေးလိုက်တော့ ...

" ဟို..."

ဆယ်ဟွန်း ဘာလည်းဆိုတဲ့ပုံစံဖြင့် မေးငေါ့ပြလိုက်တော့
လုဟန်က နားရွက်လေးကို ပွတ်ကာ။

"ကျွန်တော့ကို ကျောင်းသွားရင် လမ်းထိပ်ကို တင်ခေါ်
သွားပါလား.."

"ဒါဘဲမလား..."

ဆယ်ဟွန်း ခပ်ပြတ်ပြတ်ပြောကာ၊ ကားသွားထုတ်တာမို့
လုဟန် နှာခေါင်းရှုံ့လိုက်မိလေသည်။ ကျောင်းသွားတက်မှာလား မိန်းမ သွားရှာမှာလားဘဲ၊ ၀တ်ထားတာကိုက ရှိုးစမိုး
အပြည့်ဖြင့်။ကိုယ်ဝတ်ထားတာ ငုတ်ကြည့်လိုက်တော့
ယူနီဖောင်းဝတ်စုံနဲ့ ကလေးစတိုင်။

လှေကားပေါ်က ဆင်းလာထဲက လူကို မျက်မှောင်ကျုံ့
ပြီးကြည့်နေတာဆိုတာ။ အမြင်ကပ်လိုက်တာနော်။
လမ်းမလျှောက်ချင်လို့သာ လုဟန် အဲ့လူကြီးကားကို
တောင်းစီးရတာ လူကိုမပေးစီးချင်သလိုအထာကလည်း
ကိုင်လိုက်တာ လွန်ရောဘဲ။

Meaning Of Love [Completed]Donde viven las historias. Descúbrelo ahora