final

286 13 16
                                    

လေယာဉ်ဆင်းရန် သတိပေးစကားပြောကြားလာသံကြားတာ
နဲ့ ထိုင်ခုံပေါ် မှိန်းနေရာမှ သတိဝင်လာတော့သည်။မမြင်တာ
ကြာပြီဖြစ်တဲ့ မျက်နှာလေးကို ပြန်တွေ့ရတော့မှာမို့ စိတ်တွေ
သိမ့်ခနဲ့ဖြစ်သွားကာ ကြည်နူးပျော်ရွှင်နေရတော့ဧ်။

၃နှစ်တောင်ကြာသွားခဲ့ပြီဟန်။ မင်းကိုယ့်ကိုထားသွားခဲ့တာလေ ကိုယ်ပြောခဲ့ပါတယ် မင်းသွားရင် ကိုယ်ပါလိုက်လာ
ခဲ့မယ်ဆိုတာလေ...

အရင်လို ကိုကို ဆိုတဲ့ ခေါ်သံလေးလည်း ကြားချင်
နေပါပြီလေ အဲ့လိုခေါ်သံလေးတွေက ကိုယ့်ကိုညစဉ် အိပ်ပျော်စေခဲ့တာအမှန်ပါလေ။ ကိုယ်တို့ ခွဲနေရပေမယ့် မင်းကို တစ်စက္ကန့်လေးတောင် မေ့မရခဲ့တာတော့ ၀န်ခံပါရစေကွယ်။

အဖြစ်ပျက်တွေကမြန်ဆန်လွန်းတာမို့ပင်။ ဟန်ဆေးရုံရောက်ပြီး နောက်တစ်နေ့ ဘွားရှောင် လည်းပေကျင်းကနေ
ရောက်နေလေပြီး။

ဟန်ကိုပြန်ခေါ်သွားပြီး ခွဲထားကာ သူကျောင်းပြီးမှဘဲ
ကြည့်စီစဉ်မယ်ဆိုကာ မသေချာမရေရာခေါင်းစဉ်နဲ့
ဆိုတာမို့ ဘာမှမပြောနိုင်စွာ ပြန်ထည့်ပေးလိုက်ရတော့သည်။

ငယ်သေးတဲ့ အရွယ်မို့ စိတ်ကစားသည်ဆိုတဲ့ ခေါင်းစဉ်
အောက်ကို ရောက်မှန်းမသိ ရောက်သွားခဲ့ရတာလေ။ အခုချိန်ထိ ကိုယ့်နှလုံးသားကို ဘယ်သူစိုးမိုးထားလည်းဆိုတာ
ကိုယ်ပြောပြဖို့ အသင့်ပေမယ့် ခွဲခွာနေရတဲ့အတောတွင်း မင်း
နားထောင်ချင်ပါ့မလားဟန်။ အကြောင်းမကြားဘဲ ရောက်လာ
ခဲ့တဲ့ ကိုယ့်ကို ဧည်သည်လိုတော့ မဆက်ဆံလိုက်ပါနဲ့နော်။
ရင်မောရပါလား ဟန်ရယ်...

အခုဆိုရင် မင်းဘေးမှာ မင်းရွေးချယ်ထားတဲ့ ကောင်မလေး
တစ်ယောက်တော့ ရှိနေပြီလားလေ။ အဲ့ဒီကောင်မလေးနဲ့
မိတ်ဆက်ပေးတဲ့အခါ လှိုက်လှိုက်လှဲလှဲကိုယ်မပြုံးပြနိုင်ဘူးကွယ်။ ကိုယ့်ကို မင်းအထင်လွဲပြီးမုန်းနေမှာတော့
ကိုယ်ကြောက်လှပါသည်လေ။

                  ***

Taxiက ခြံထဲဝင်လာတယ် ဆိုတာနဲ့ ခါးကိုမတ်မတ်ထိုင်လိုက်ရလေသည်။ မျက်နှာပူလိုက်တာနော် ဘွားကိုဘယ်လို
မျက်နှာချင်းဆိုရင်ရပါ့မလဲ။ မေးလာတဲ့မေးခွန်းတွေကိုရော သူဘယ်လိုဖြေရပါ့မလည်း....

Meaning Of Love [Completed]Unde poveștirile trăiesc. Descoperă acum