Zawgyi#ကျွန်တော်ချစ်သောဦး
တိမ်ယံတစ်ယောက်နေမင်းခဆွဲခေါ်ရာနောက်သို့ဘာတစ်ခွန်းမှမဟပဲလိုက်လာခဲ့သည်။
ကားပေါ်တက်ပြီးကျောင်းနှင့်အတော်ဝေးဝေးသို့မောင်းလာသည်အထိနေမင်းခလဲ ဘာစကားမှမပြောအံကိုသာကြိတ်ထားလေသည်။
တိမ်ယံလွှာစကားစပြောချင်သော်လည်းဦးစိတ်တိုနေမှန်းသိသောကြောင့်ဘာစကားမှမပြောရဲ...*နေပါအုန်း...ဦးကဘာကိုစိတ်တိုနေတာလဲ
မဟုတ်မှသဝန်တိုနေတာလား...*တိမ်ယံစိတ်ထဲတွင်သာတွေးရင်းပြုံးမိသည်....
သို့သော်လည်းမိမိစိတ်ကိုပြန်ထိန်းရပြန်သည်...*ကျစ်...တိမ်ယံလွှာ မင်းအမှတ်ကိုမရှိဘူး
ဦးကဘာကိုသဝန်တိုရမှာလဲ
ဦးသဝန်တိုခြင်းကိုခံရအောင်မင်းရဘာအဆင့်ရှိလို့လဲ....ဟက်*တိမ်ယံစိတ်ထဲ၌သာနာနာကျင်ကျင်ရေရွတ်ရင်းမျက်ရည်များကျဆင်းလာပြန်သည်။
နေမင်းခ မိမိဘေးတွင်ထိုင်ကာတရှုတ်ရှုတ်ငိုနေသောကလေးငယ်ကြောင့်ထွက်နေသောဒေါသများပါကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကာ ကားအားလမ်းဘေးတွင်ထိုးရပ်လိုက်ကာ
"ကလေး ငိုနေပြန်ပြီလား
မင်းမျက်ရည်တွေကိုဦးမုန်းလိုက်တာ"နေမင်းခမိမိကိုယ်တိုင်တောင်သတိမထားမိပါဘဲတိမ်ယံအားရင်ခွင်ထဲသို့ဆွဲသွင်းလိုက်မိသည်...
တိမ်ယံလဲငိုနေရင်းမှနွေးထွေးသောရင်ခွင်တစ်စုံကြောင့်မော့ကာဦးမျက်နှာအားငေးကြည့်နေမိတော့သည်...
ဦးကကျွန်တော့်မျက်ရည်တွေကိုမုန်းတယ်တဲ့
ဦးကကျွန်တော်မျက်ရည်ကျနေတာကြောင့်စိုးရိမ်နေတယ်တဲ့
ကျွန်တော့်မျက်ရည်တွေရဲ့ဇစ်မြစ်ကဦးစီက
မြစ်ဖျားခံလာတယ်ဆိုရင်ရောဦးဘာလုပ်မှာလဲ....တိမ်ယံလဲမိမိအားဖက်၍ရင်ခွင်ထဲထည့်ကာထားသောနေမင်းခ၏ရင်ခွင်ထဲမှအနည်းငယ်ရုန်းထွက်ကာနေမင်းခ၏လည်တိုင်သွယ်သွယ်အားကိုင်ကာနှုတ်ခမ်းပါးလေးပေါ်သို့မိမိနှုတ်ခမ်းလေးနှင့်ထိကပ်၍အနမ်းမမည်သောအနမ်းတစ်ခုအားပေးလိုက်မိသည်.....
YOU ARE READING
ကျွန်တော်ချစ်သောဦး (ကျွန်တော်ချစ်သောဦး)[Complete]
Fantasyကျွန်တော်ဦးကိုချစ်တယ် ဒါဟာဘယ်တော့မှ မပြောင်းလဲတဲ့အမှန်တရားတခုပဲ..... တိမ်ယံလွှာ ဦးကလေးကိုချစ်တယ် ဒါပေမဲ့ဘယ်တော့မှ ဦးဖွင့်ပြောမှာမဟုတ်တဲ့ အမှန်တရားတခုပဲ.... နေမင်းခ ကျွန်တော်ဦးကိုချစ်တယ် ဒါဟာဘယ်တော့မှ မပြောင်းလဲတဲ့အမှန်တရားတခုပဲ..... တိမ်ယံလွှာ ဦ...