Part-4(Z+U)

1.7K 100 0
                                    


#ကျွန်တော်ချစ်သောဦး

ဦးနဲ့ချစ်သူတွေဖြစ်တာတစ်ပတ်ကြာလေပြီဖြစ်သည်....
အင်း...ချစ်သူတွေဆိုပေမဲ့တရားမဝင်ချစ်သူပေါ့
နှစ်ယောက်ထဲရှိတဲ့အချိန်တွေသာချစ်သူတွေလိုနေရသည်
ထိုအချိန်တွင်တောင်ဦးကမလှုပ်မယက်တိမ်ယံလုပ်သမျှကိုသာငြိမ်ခံသည်
ဖက်လျှင်လဲငြိမ်ခံသည်လက်ကိုင်လျှင်လဲငြိမ်ခံသည်
နမ်းလျှင်လဲငြိမ်ခံသည်ပြန်လည်တုန့်ပြန်ခြင်းမရှိ
ကျွန်တော့်ဦးဟာလေ လူရိုးကြီးများလား....?
အင်းလူရိုးဆိုတာသင်္ချိုင်းမှာတောင်ရှားသွားပြီတဲ့
ဟုတ်ပါတယ်လေကိုယ်မချစ်တဲ့သူကိုဘယ်သူကထိတွေ့ချင်ပါ့မလဲ
ဒါပေမဲ့ကျွန်တော်ပျော်တယ်အခုလိုလေးဦးဘေးနားမှာနေဦးလိုအပ်သမျှဖြည့်ဆည်းပေးဦးကိုအရိပ်တကြည့်ကြည့်နဲ့နေနေရတာကိုက ကျွန်တော့်အတွက်လောကစည်းစိမ်တစ်ခုပဲ.....

^^^^^^^^^^^^^^^^^^^^^^^^^^^^^

ဒီနေ့လဲထုံးစံအတိုင်းဦးကျောင်းလာကြိုမှာမို့အိမ်ပြန်ချိန်နီးတိုင်းတိမ်ယံတက်ကြွတဲ့ကြက်ဖဖြစ်နေသည်....

"တိမ်ယံ ငါမျက်စိနောက်လာပြီနော် နင်ဘယ်လိုဖြစ်လို့အဲ့လောက်ယွထနေရတာလဲ"

သော်တာတစ်ယောက်တိမ်ယံ့အားမျက်စိနောက်လာ၍အော်လိုက်မိသည်....
နောက်ဆုံးအတန်းချိန်တိီချယ်မလာသေး၍စောင့်နေတာကိုဖင်တကြွကြွနဲ့ဖြစ်နေတာတစ်စက်မှကြည့်မရတော့....

"ပြောမနေနဲ့ဘေဘီ အဲ့ကောင်ကသူ့လူကြီးလာကြိုချိန်နီးနေလို့စပ်စလူးထနေတာ"

သော်တာ့ရဲ့စကားကိုပြန်ပြောပြီးမိမိအားဖဲ့နေသူကသော်တာ့ချစ်သူမင်းသွင်...
ဒီလင်မယားနှစ်ယောက်လိုက်လဲလိုက်တယ်
သူတို့ဘာပြောပြောတိမ်ယံဂရုမစိုက်နိုင်
ဦးနဲ့တွေရင်ဘယ်လိုအသားယူရမလဲဘာတွေပူဆာရင်ကောင်းမလဲပဲစဥ်းစားနေလေသည်
ထိုချိန်ဆရာမဝင်လာသဖြင့်အကုန်ငြိမ်ကျသွားလေသည်

အချိန်ကုန်တာနဲ့ဆရာမအားနှုတ်ဆက်ကာဦးစီသို့ဖနှောင့်နဲ့တင်ပါးတစ်သားတည်းကျအောင်ပြေးလေသည်....

သော်တာနဲ့မင်းသွင်ကတော့သူတို့အားနှုတ်ဆက်ဖော်တောင်မရပြေးထွက်သွားသောတိမ်ယံအားလင်တရူးကောင်ဟုသာကြိမ်ဆဲပြီးကျန်ခဲ့လေသည်....

ကျွန်တော်ချစ်သောဦး (ကျွန်တော်ချစ်သောဦး)[Complete] Место, где живут истории. Откройте их для себя