six pack​ပေါ်ကတက်တူးစိုစို​လေး​တွေကတစ်မျိုးsexyဆန်လှသည်။မလုံ့တလုံ​နေ​နေ​သောလှပသည်ထက် ​ချော​မောကာ​ယောကျာ်းဆန်လွန်းသည့်နတ်ဘုရားတစ်ပါးလို အဖုအထစ်​ပေါင်းစုံနဲ့ကြည့်​ကောင်းသည့်အမျိုးသားငယ်...

အတူမအိပ်တာပဲရှိတာ။တစ်အိမ်တည်း​နေကြ​တော့လည်း ဇာမဏီအခန်းထဲကိုတံခါးမရှိ ဓါးမရှိ စိတ်ကြိုက်သွားလာပြီးအိပ်​ပျော်​နေချိန်​တွေခိုးနမ်းလိုက်၊သူမကြိုက်တဲ့မုတ်ဆိတ်​မွေး​တွေပါးသိုင်း​မွေး​တွေနဲ့​ခြေသလုံး​မွေး​​တွေကိုခိုးရိတ်လိုက်နဲ့ ဟန်ကျ​နေသည်။

အဓမ္မအ​မွေးရိတ်ခြင်းခံထား​ရသော​ခြေသလုံး​တွေက​ပြောင်လက်​နေသည်။မိုး​ပေါ်​ထောင်နေ​နေတဲ့ပုံကသိကြားမင်းဖင်​ထိမိ​တော့မလို...

​ဘေးနားမှာလည်း​သောက်ပြီးသားစီးကရက်အတို​တွေပြန့်ကျဲ​နေတာအလိပ်၂၀​လောက်ရှိမည်။ ဝိုင်တစ်ခွက်ကိုပါချထားပြီး စာအုပ်​​အေး​ဆေးဖတ်​နေ​သော ကြမ်းပြင်​ပေါ်ကငှက်စုတ်ကိုအနားတိုးကပ်ကာ အ​ပေါ်မှမိုးကြည့်​နေရင်းပြောင်းပြန်မြင်​နေရ​သောမျက်နှာ​လေးကိုမ​နေနိုင်​တော့​သည့်အခါ Spider-Man kissကို​ပေးလိုက်သည်။

နူးအိစက်​သော​ဆေးလိပ်နံ့သင်းသည့်နှုတ်ခမ်းထူထူကတုံ့ပြန်မှုမရှိ။နမ်း​နေရင်းကြည့်မိ​တော့မျက်လုံး​သေကြီးနဲ့သာသူ့ကိုမမြင်သလို​အေးစက်စက်ကြီး​နေ​နေသည်။

"ချီး...လန့်လိုက်တာ ​​မောင်နမ်းရင်မျက်လုံးမှိတ်​ပေး​လေ မင်းကလည်း..."

"ငါအာရုံပျက်တယ်...သွား​တော့"

မဲ့ပြုံးတစ်ချက်ကိုလှလှ​လေးပြုံးပြီးစီးကရက်ကိုငတိလက်ထဲမှယူကာပြာခွက်ထဲထိုး​​ချေပစ်လိုက်ပြီး မဏီ၏​ပေါင်သား​တွေနှင့်အိစက်စက်မက်မွန်သီး​တွေသာမက​ခြေသလုံးဝင်းဝင်း​တွေကိုပါဆွဲယူကာပွတ်သပ်ပြီးအရာထင်မတက်ဆွဲလိမ်ပစ်သည်။

"ကိုယ်အိပ်မရတာတစ်ပတ်ရှိပြီ။
မင်းမှစကားမ​ပြောတာ
စိတ်​မကောက်​နဲ့​တော့...​နော်"

မ​ကောက်​စေချင်ရင်​ဖြေရှင်းချက်​ပေး​လေ မသာရဲ့...

သူ့တင်ပါးကိုညှစ်​နေတဲ့လက်ကိုပုတ်ထုတ်လိုက်ပြီး ထထိုင်လိုက်သည်။

 Being His Man OR Cupid Lady(Fujoshi)Completed💚Where stories live. Discover now