>>>>>>>>

ဆယ်ဟွန်းကျောင်းရောက်တော့ ချန်ယောလ်က ကန်တင်း
မှာစောင့်နေတယ်ဆိုပြီး ဖုန်းဆက်တာမို့ ကန်တင်းဘက်
ထွက်လာခဲ့လေသည်။

"ဆယ်ဟွန်း ငါဒီမှာ."

ယောလ်က  လက်လှန်းပြတာမို့ ဆိုင်ထဲဝင်လာခဲ့လေသည်။
ချန်ယောလ်ဆိုတာ ငယ်ငယ်ထဲက ဆိုးတူကောင်းဖက်
သူငယ်ချင်းတွေဆိုလည်း မမှား။ သူဟိုမှာ ကျောင်းတက်နေစဉ် အဆက်အသွယ်ပြတ်သွားကြပေမဲ့ ပြန်တွေ့တော့လည်း
အရင်တိုင်း ပုခုံးဖက်ပေါင်းဆဲပင်။ ရယ်မောလိုက်တိုင်း ပါးချိုင့်
ကြီးတွေခွက်ဝင်သွားကာ အမြဲပျော်ပျော်နေတတ်တဲ့လူပင်။

"ဆယ်ဟွန်း မနေ့ကအလောတကြီးဘာဖြစ်တာလည်း "

"ပြသာနာရှိလို့ပါကွာ "

" ဟ ! ဆယ်ဟွန်းစိတ်ညစ်နေတာ ဒီတစ်ခါဘဲတွေ့ဖူးတယ်
ပြောပါဦး ဘာဖြစ်တာလည်း .."

"ဒီလိုကွ.."

အစချီကာ ဖြစ်ကြောင်းကုန်စဉ်ပြောပြလိုက်တော့ ယောလ်က
ပြုံးစိစိဖြစ်နေတာ့မှ သူစကားထိန်းလိုက်ရလေသည်။

"ဒီလိုဆို မင်းကလက်သွက်သားဘဲ ...ဟား ....ဟား
ဟိုကလေး ဆွဲမထိုးလိုက်တာကံကောင်း .."

"သူစိတ်ဆိုးနေတာကိုငါကဖြေရှင်းချင်လို့ပါကွာ "

"မင်းကလည်းကွာ ချစ်ရင်ချစ်တယ်ဆိုပြီး ဖက်နမ်းပြစ်လိုက်
ပေါ့ "

"တော်တော့ယောလ် ငါမင်းကိုဆွဲထိုးမိတော့မယ် "

"အေးပါသကောင့်သားရယ် ..အခုတော့အတန်းသွားတက်ရ
အောင်..ချော့ချင်ရင်ညနေရောက်မှ သွားချော့ပေတော့.."

နှစ်ယောက်သားကန်တင်းကထွက်လာရင်း စာသင်ခန်းစီထွက်လာခဲ့ကြလေတော့သည်။ libraryရှေ့ဖြတ်ကျော်လာစဉ်
ဆယ်ဟွန်းက ရပ်လိုက်တာမို့

"ဟွန်း...သွားမယ်လေကွာ.."

" ငါဒီနေ့အတန်းမတက်တော့ဘူး ယောလ် "

"ဟာ. ..ဒီနေ့ လက်တွေ့စမ်းသပ်မှာတွေပါတယ်နော်."

"မင်းစမ်းသပ်ချင်နေခဲ့ ယောလ် ငါတော့သွားပြီး "

Meaning Of Love [Completed]Where stories live. Discover now