*ဒါက ကျွန်တော့်ပါး၊ ဒါက ကျွန်တော့် သူငယ်ချင်းတွေပါ*
ရိပေါ်ကို ကျော်ပြီး ညွှန်ပြသည့် ဦးကျန့်လက်တွေကို ရင်တထိတ်ထိတ်နဲ့ လိုက်ကြည့်သည်။ သူကရော..! သူ့ကိုရော ဘာလို့များ လက်ညှိုးမညွှန်တာလဲ။
*သူ့ကိုရော သိလားဗျ*
ဆရာဝန်က ရိပေါ်ဆီ ညွှန်ပြလေသည်။ ဝမ်းနည်းပြီး ကျလာသည့် မျက်ရည်တွေကို ရိပေါ်က လက်ခုံလေးဖြင့် ဆွဲသုတ်သည်။ တအင့်အင့်နဲ့ ရှိုက်နေသေး၍ ရှောင်ပါးက သူ့ပုခုံးကို ဖက်ထားပေးသည်။
*မသိဘူး..!*
*ဦးကျန့် ကျွန်တော်လေ..! မမှတ်မိဘူးလားဟင်..! ကျွန်တော်ပါဆို*
ပြောလဲပြော ငိုလဲငိုလာသည့် ကောင်လေးကို ကြည့်ပြီး ရှောင်းကျန့် ရင်ဘတ်ထဲက အောင့်လာသလို။ သူ သတိရရချင်း ဦးကျန့်လို့ ခေါ်သံကြားထဲက သူ့ရင်ထဲက တစ်မျိုးကြီး ခံစားလိုက်ရတာပင်။
*သေချာစဉ်းစားပါအုံး Mr.Xiao*
ဆရာဝန်က စဉ်းစားခိုင်းနေ၍ ရှောင်းကျန့် သူ့ရှေ့က မျက်နှာလေးငယ်ပြီး နေနေတဲ့ကောင်လေးကို ပြန်ကြည့်လိုက်တယ်။ သူ့ရင်ဘတ်တွေ နာလာသည်။ ခေါင်းတွေလဲ ကိုက်လာသလို အသက်ရှူမဝတော့သလိုပင်။
*မ...မှတ်မိဘူး..! အား..ခေါင်းကိုက်တယ်*
သူ့ခေါင်းသူ ပြန်ဆုပ်ကိုင်ထားသည့် ဦးကျန့်ကြောင့် ရိပေါ်မှာ ဘာလုပ်လို့ လုပ်ရမည်မသိ။ ငိုလဲငိုသေးကာ အကုန်လုံးကိုလဲ မျက်နှာငယ်လေးနဲ့ လိုက်ကြည့်နေသည်။
*စိတ်အေးအေးထားပါ Mr.Xiao*
ဆရာဝန်က ဖြေးဖြေးချင်း ပြောပေးနေမှ ငြိမ်သက်သွားသည့် ဦးကျန့်က အသက်ရှူသံမှန်မှန်ဖြင့် မျက်နှာလေးကတော့ မဲ့နေသေးသည်။
ဆရာဝန်က စိတ်မကောင်းသလို ရိပေါ်ကို ကြည့်လာကာ
*သူ အရမ်းချစ်တဲ့လူကို မေ့သွားရုံပါ။ အချို့အခြေအနေတွေမှာ ပြန်သတိရလာနိုင်ပါတယ်။ လုံးဝမေ့ပစ်တာမျိုး မဟုတ်ပဲ..! မှတ်ဉာဏ်ခနဆုံးရှုံးသွားရုံလေးပါ*
ယိုင်နဲ့သွားသည့် ရိပေါ်ကိုယ်လေးကို အနောက်က ဝိုင်းတွဲထားကြသည်။ ပျော်လိုက်တော့လေ ဝမ်ရိပေါ်..! မင်း ပျော်လိုက်ပါတော့။ မင်းကို ချစ်လွန်းလို့ မေ့သွားတာတဲ့။ မင်းကြားချင်တဲ့ ချစ်တယ်ဆိုတဲ့ သကားလုံးထက် ပိုပြီးခိုင်မာတဲ့အဖြေကို မင်းကို သူကပေးနေပြီလေ။မင်းပျော်လိုက်တော့..!
YOU ARE READING
Restart
Fanfictionဖြူဖြူစင်စင်လေးဆို ကိုယ်က အသဲတယားယားနဲ့ ခြေမွပစ်ချင်နေရော #ရှောင်းကျန့် ဦးကျန့်က ကျနော့်အတွတ် နားမလည်ဆုံးနဲ့ အခက်ခဲဆုံး ပုစ္ဆာပဲ #ရိပေါ်