*ဦးကျန့်..မနက်ဖြန် ကျဲ ပြန်ရောက်မှာတဲ့*
ရှောင်းကျန့် သောက်လက်စ ဆေးလိပ်ကို ဆေးလိပ်ပြာခွက်ထဲ ထိုးချေလိုက်ပြီး သူ့ဘေးနား ထိုင်နေသည့် ချာတိတ်ကို ကြည့်လိုက်သည်။ အိမ်နေရင်း ဝတ်စုံ တီရှပ်အဖြူနဲ့ ဘောင်းဘီတိုအနက်လေးနဲ့ကြောင့် ခြေသလုံးသားလေးတွေက ဖြူဖွေးသွယ်လျနေသည်။
ချာတိတ်ကို သူချစ်လား မချစ်ဖူးလား ဆိုတာ မသေချာဘူး။ ဒါပေမယ့် ချာတိတ်ကို အခုထိ သူ မဖြတ်နိုင်သေးဘူး။
*အဲ့တော့ ကိုယ်က ဘာလုပ်ပေးရမှာလဲ*
ဦးကျန့်စကားကြောင့် ရိပေါ်မှာ မယုံနိုင်သည့် မျက်ဝန်းဖြင့် ကြည့်တယ်။ ဦးကျန့် သူ့ကို မချစ်ဘူးဆိုတာ သိပေမယ့် အခုလိုတော့ လွယ်လွယ်မထွက်လောက်ဘူး ထင်ထားတာ။
*ဘာမှ လုပ်ပေးစရာမလိုပါဘူး..! ဦးကျန့် သိအောင် ပြောပြရုံပဲ*
ရိပေါ် ဆက်ပြောချင်စိတ် မရှိတော့။ စကားနာထိုးတာမျိုးက ရိပေါ်နဲ့ မလိုက်ဖက်ပေမယ့် ဒီအခြေအနေမျိုးမှာ စကားကောင်း မထွက်နိုင်။ မမျှော်လင့်ထားတဲ့ မေးခွန်းအတွတ် ရင်ဘတ်ကနာတယ်။ သူ ဦးကျန့်ကို မုန်းချင်တယ်။
*ဟေ့ ငိုနေတာလား..?*
ရိပေါ် မျက်နှာကို ဆွဲမော့သည့် ဦးကျန့်လက်ကြီးကို ပုတ်ထုတ်လိုက်သည်။ ဒီအချိန်မှာ သူ ဦးကျန့် အသားနဲ့မထိချင်ဘူး။
*ဟ..! ကိုယ့်ကိုယ်တောင် ပြန်ရိုက်ဖို့ အားရှိနေပြီပေါ့*
*ဦးကျန့်ကို ကျွန်တော်မရိုက်ပါဘူး..! ပုတ်ထုတ်ရုံလေးကို*
ခေါင်းလဲ မော့မလာပဲ ပြန်ပြောနေသည့် ချာတိတ်က သူ ငေါက်မှာ ကြောက်နေသည့်ပုံ။ ေခါင်းေလးငုံ့ပြီး မျက်ရည်တွေ ဆွဲဆွဲသုတ်နေတဲ့ ချာတိတ်ကို သူ အသဲယားလာသည်။
ရှောင်းကျန့် မတ်တပ်ထရပ်ပြီး ချာတိတ်တို့ ဘေးအိမ်က အန်တီရင်းဆိုသည့် အဒေါ်ကြီးတွေ မြင်မှာဆိုး၍ တံခါးတွေ ထပိတ်ပြီး လိုက်ကာပါ ဆွဲချခဲ့သည်။ ဒါဆို သူတို့၂ယောက်ကို ဘယ်သူမှ မရှုပ်နိုင်တော့ဘူး။
ရှောင်းကျန့် ရိပေါ်ဘေး ဝင်ထိုင်တော့ ချာတိတ်က မတ်တပ်ရပ်လိုက်တာ အလန့်တကြား။ ရှောင်းကျန့် မျက်ခုံး တစ်ချက်ပင့်သွားကာ ချာတိတ်ကိုယ်လေးကို လက်ကောက်ဝတ်က ဆက်ခနဲဆွဲပြီး သူ့ပေါင်ပေါ် ထိုင်စေသည်။
YOU ARE READING
Restart
Fanfictionဖြူဖြူစင်စင်လေးဆို ကိုယ်က အသဲတယားယားနဲ့ ခြေမွပစ်ချင်နေရော #ရှောင်းကျန့် ဦးကျန့်က ကျနော့်အတွတ် နားမလည်ဆုံးနဲ့ အခက်ခဲဆုံး ပုစ္ဆာပဲ #ရိပေါ်