°16°

17.1K 1.4K 44
                                    

*ဘာဖြစ်နေတာလဲ အားဝမ်*

*ဟင့်အင်း*

သင်တန်းဆင်းသည်နှင့် မျက်နှာမကောင်းသည့် ရိပေါ်ကို ယွီပင်း စိတ်မသက်သာသလို မေးလိုက်သည်။ သင်တန်းအပြင်ဘက်ရောက်တော့ လမ်းဘက်ကို အထိတ်တလန့်နဲ့ ကြည့်လိုက်သည့် ရိပေါ်က ရှောင်းကျန့်ဆိုသည့်လူ ရောက်နေမှာဆိုးသည့်ပုံ။

*မင်းမှာ ငါပဲရှိတာနော် ရိပေါ်..! မင်း ငါ့ကိုမပြောရင် ဘယ်သူ့ကို ပြောမှာလဲ*

မတုန်မလှုပ်လေး ဖြစ်နေသည့် ရိပေါ်က စိတ်နဲ့ကိုယ်နဲ့ မကပ်သည့်ပုံ။ ယွီပင်း ဘာမှလဲ မေးလို့မရသည့် ရိပေါ်ကြောင့် ဆက်မမေးတော့။

လွတ်လပ်ရမည့်အရွယ်ရောက်မှ ရည်းစားဆိုသည့် ကန့်သတ်ချက်ဖြင့် ချုပ်ချယ်ခံနေရသည့် ရိပေါ်က သနားစရာကောင်းလှသည်။ ရှောင်းကျန့်ကိုလဲ ကြောက်နေရတာ တုန်လို့။

ရှောင်းကျန့်ဆိုသည့်သူဟာလဲ လူကြားမရှောင်၊ လမ်းလည်ခေါင်မရှောင်ပဲ သူ လုပ်ချင်ရာ လုပ်တတ်သည့်လူ။ ဘေးက ယွီပင်းတောင် လန့်သည်လေ။ ရိပေါ်ဆို ဘယ်လောက်တောင်။

*မနေ့က သူ ငါတို့လမ်းကို လာပြီး မူးရူးအော်ဟစ်နေတာ ယွီပင်း..! သူ ငါ့ဘက်ကို လုံးဝမှ မကြည့်ဘူး။ သူ့ကို ငါမချစ်ချင်တော့ဘူး*

ပြောရင်း ဝမ်းနည်းလာသည့် ရိပေါ်က မျက်ရည်တွေကို လက်ဖမိုးလေးနဲ့ ဆွဲသုတ်သည်။ ယွီပင်းက သူ့ပုခုံးကို လာဖက်ကာ

*မင်း မချစ်သင့်တဲ့လူထဲမှာ ရှောင်းကျန့်ပါတယ် အားဝမ်။ သူက ငယ်ငယ်ကထဲက မိဘကချမ်းသာပြီး ထင်သလို နေလာရတဲ့သူ။ သူ့အတွတ် ဘယ်အရာကမှ ကြောက်စရာကောင်းတဲ့အရာ၊ ရှက်စရာကောင်းတဲ့အရာဆိုပြီး ခွဲခြားမထားဘူး။ မင်းလို ပတ်ဝန်းကျင်ကို ဂရုစိုက်တတ်တဲ့သူထဲမှာ ရှောင်းကျန့်မပါဘူး ရိပေါ်*

ရိပေါ် ထပ်ကျလာသည့် မျက်ရည်တွေကို ထပ်ဆွဲသုတ်သည်။ သူ့ကျဲဆီမှာ သူက ကလေးလိုပဲ နေလာရသူ။ ဒီလိုအခြေအနေမျိုးတွေ ကြုံရသည့် ရိပေါ်အတွတ် တစ်ကယ် အဆင့်မ‌ဖြစ်သေးဘူး။

*ရိပေါ် ဟိုမှာ..!*

ယွီပင်း လက်ညှိုးထိုးသည့်နေရာကို ကြည့်လိုက်တော့ ဆိုင်ကယ်ကိုမှီကာ ရပ်နေသည့် ဦးကျန့်။ အမြဲဝတ်နေကြ Leatherနဲ့ မဟုတ်ပဲ ရှပ်အကွက်လေးဖြင့်။ ဘေးက ဦးကျန့်သူငယ်ချင်းတွေကလဲ ဆေးလိပ်သောက်ကာ ရိပေါ်တို့ကို ကြည့်နေလေသည်။

RestartDonde viven las historias. Descúbrelo ahora