ရိပေါ် အရက်တွေသောက်နေသည့် ဦးကျန့်တို့ကို မတားရဲ။ ဦးကျန့် လှီးပေးထားသည့် ပန်းကန်ထဲက အသားလေးတွေကိုသာ တို့ထိတို့ထိ စားနေမိသည်။ ဦးကျန့်တို့ကတော့ စားတာကနည်းနည်း သောက်တာက များများ ဖြစ်နေကြလေသည်။
အရက်ခွက်လေးတွေကလဲ ချစ်စရာကောင်းလှစွာ ကြွေထည်လေးတွေနဲ့။ ရိပေါ် ထိုခွက်ကလေးတွေကို ကိုင်ချင်လှသည်။ ဒါပေမယ့် အရက်ကို ရိပေါ်ရှေ့တောင်မချပဲ ဦးကျန့်တို့က ခပ်ဝေးဝေးမှာ ချပြီး သောက်နေကြလေသည်။
*ဟေး. .ဒါလင်*
*ဆိုဖီယာလား?*
ခပ်ဝေးဝေးက လျှောက်လာသည့် အမျိုးသမီးက အနီးနားရောက်သည်နှင့် ဦးကျန့်ကို ဒါလင်ဟုခေါ်ကာ ပါးကိုနမ်းလိုက်သည်။ ရှေ့ကုန်းနမ်းလိုက်သည့် သူမက ရင်ဘတ်တွေဟိုက်နေသည်ကို မသိတာလားပဲ။ အတွင်းသားတွေတောင် လှမ်းမြင်ရ၍ ရိပေါ် ခေါင်းကို ဆက်ခနဲ ငုံ့လိုက်သည်။
*ဘာလဲ.. မမှတ်မိတာလား*
*ဖြစ်နိုင်တယ်..! ကိုယ်က မင်းနဲ့တွေ့ပြီးနောက်ပိုင်းတင် ၇ယောက်လောက် တွဲဖြစ်သွားသေးတာကို*
သူမက ဟွန့်ခနဲ ချွဲကာ ဦးကျန့်ပေါင်ပေါ် ဝင်ထိုင်ပြီး ဦးကျန့်မျက်နှာဘက်ကို လှည့်ထိုင်လေသည်။ ဦးကျန့်ကလဲ ခပ်ဟဟသာ ရယ်ပြီး သူမခါးတွေကို ထိန်းကိုင်ထားလေသည်။ ရိပေါ်မှာ ဘာလုပ်လို့လုပ်ရမှန်းမသိ။ ဦးကျန့်က ပွေမည်ဆိုတာ သိပေမယ့် ဒီလောက်ထိတော့ မထင်ထား။
အခုလို မိန်းမလှလေးတွေ အများကြီးရှိပါရဲ့နဲ့ ရိပေါ်ကို ဘာလို့တွဲတာလဲ။ ရိပေါ် မျက်နှာငယ်လေးနဲ့ ဦးကျန့်တို့ကို ကြည့်လိုက်တော့ ဦးကျန့်ရင်ဘတ်ကို ပွတ်သပ်နေသည့် သူမကြောင့် ရိပေါ် ကယောင်ကတမ်းဖြင့် အအေးခွက်ကို ယူသောက်လိုက်သည်။
*ခွမ်း..!*
ရိပေါ်မှာ လက်တွေတုန်နေ၍ အအေးခွက်ကိုတောင် မကိုင်နိုင်ပဲ ကျကွဲသွားရသည်။ အကုန်လုံးက ဝိုင်းကြည့်နေ၍ ရိပေါ်ရှက်လာရကာ နားရွက်ဖျားတွေ ရဲလာရသည်။ ရိပေါ် အဝတ်အစားတွေပေါ်လဲ စိုသွားပေမယ့် ရိပေါ် ဘယ်ကစလို့ ဘာလုပ်ရမှန်းမသိ။
YOU ARE READING
Restart
Fanfictionဖြူဖြူစင်စင်လေးဆို ကိုယ်က အသဲတယားယားနဲ့ ခြေမွပစ်ချင်နေရော #ရှောင်းကျန့် ဦးကျန့်က ကျနော့်အတွတ် နားမလည်ဆုံးနဲ့ အခက်ခဲဆုံး ပုစ္ဆာပဲ #ရိပေါ်