အချစ်စစ်(အပိုင်း၁၉)

Magsimula sa umpisa
                                    

ရိပေါ်တို့အိမ်ပြန်ရင်းမီးပွိုင့်ခွဆုံနားလမ်းဘေး၌ကားရပ်ရင်း24hours martတွင်

"သားမေမေတခုဝယ်မလို့ခဏနော်"

"ဟုတ်ရပါတယ်"

ရိပေါ်မေမေဆင်းသွားချိန်၌ရိပေါ်လည်းကားမှန်ကိုသာငေးနေရင်း
.
.
.

."ရှောင်ကျန့်"

"ရှောင်ကျန့်မလား"

သူ့ရှေ့ကရှောင်ကျန့်ဖြတ်သွားတာမလား

ရိပေါ်အမြန်ကားပေါ်ကဆင်းရင်းရှောင်ကျန့်ဟုထင်ရသောအရိပ်ကလေးနောက်အမြန်လိုက်တော့သည်

ရိပေါ်အပြေးလိုက်ရင်း....

ထိုသူကလမ်းဘေးချိုးဝင်သွား၍သူလည်းလိုက်ချိုးပြီးဆက်သွားနေရင်းထိုသူမှာပျောက်သွားခဲ့လေသည်

"ကလေး..ရှောင်ကျန့်....ရှောင်ကျန့်!!!"

ဘေးပတ်လည်ကိုဝေ့ဝိုက်ပြီးသူရှာနေမိသော်လည်းထိုအရိပ်ကလေးကိုလုံးဝရှာမတွေ့တော့ပါ.

"အေးလေဘယ်လိုဖြစ်နိုင်မှာလဲကလေးကဒီမှာမှမရှိပဲ....အား..သူရူးနေပြီထင်ပါရဲ့.....ကလေးကမွေးရပ်မြေမှာလေ...ဒီမှာရှိစရာအကြောင်းမှမရှိတာ.......,.ပြီးတော့.ကလေးကိုတကယ်လို့တွေ့ပြီးရင်တောင်သူကဘာပြောရမှာတဲ့လဲ...ချစ်တယ်ထွက်မသွားပါနဲ့ဆိုပြီးလား..အဲ့လိုတောင်းဆိုဖို့တောင်မထိုက်တန်တဲ့လူဖြစ်နေတာကိုတောင် ကိုယ့်ဘာကိုမေ့နေတာပဲ"

လို့တွေ့ရင်းရိပေါ်မဲ့ပြုံးပြုံးလိုက်သည်..

"ရိပေါ်သား ဘယ်တွေလျှောက်သွားနေတာလဲချွေးတွေရွဲနေတာပဲအခုမှဆေးရုံကဆင်းတာကိုကွယ် မေမေစိတ်ပူလိုက်ရတာ"

အနောက်ကနေရိပေါ်မေမေကမောဟိုက်နေစွာလိုက်ရှာရင်းသူ့သားကိုမြင်ပြီးမှစိတ်အေးသွားတော့သည်

"မေမေ....ကျနော့်ကိုကလေးကသိပ်မုန်းနေမှာပဲ...သူ့ကျနော့်ကိုသိပ်စိတ်နာနေမှာ...ကျနော်ဘာလုပ်ရမလဲဟင် ..ဟင့်.....ကျနော့်ကိုလေကလေးကခွင့်လွှတ်ပါ့မလားဟင်..တကယ်လို့ကလေးခွင့်မလွှတ်ရင်တောင်လေကျနော့်မှာကြိုးစားဖို့အခွင့်အရေးရှိသေးတယ်မလားဟင်....ကလေးကိုကျနော်မစွန့်လွတ်နိုင်ဝူးမေမေ...သားဘဝမှာကလေးလိုအပ်တယ်..."

အချစ်စစ်(Yizhan version)Tahanan ng mga kuwento. Tumuklas ngayon