အချစ်စစ်အပိုင်း(၂၃)

3.5K 225 19
                                    

Unicode

သားကျန့်လေး"

ရှောင်ကျန့်မေမေကကုတင်ရင်းတွင်မှီကာသူ့သားလေးရဲ့နဖူးပေါ်ရှိဆံစလေးများကိုသပ်တင်ရင်းဖွဖွလေးခေါ်သည်

မျက်ခုံးများတွန့်ချိုးကာနှာခေါင်းလေးရှုံ့ရင်း မျက်လုံးများပွင့်လာကာရှောင်ကျန့်သူ့မေမေကိုမော့ကြည့်လာသည်

မျက်လုံးများပွင့်လာသည်ကိုမြင်သည်နှင့်ရှောင်းသခင်မကြီးကပြုံးပြကာ သူ့အားငုံ့ကြည့်ရင်းခေါင်းလေးကိုဖွဖွလေးသပ်ကိုင်ရင်း ပြောလာသည်

"သားမေမေ့သားလေး ..ဘာစားချင်လည်း မေမေကိုယ်တိုင်ချက်ကျွေးမယ်လေ မဟုတ်ရင်လည်းဘယ်သွားချင်လဲဘာလုပ်ချင်လဲ.."

ရှောင်ကျန့်သူ့မေမေကိုကြည့်တော့မျက်ဝန်းများကပြုံးရိပ်သန်းနေသော်လည်းမျက်ရည်စများနှင့်
မေမေမေးတဲ့စကားတွေကိုမဖြေလိုက်ပဲ မေမေ့ရင်ခွင်ထဲခေါင်းလေးနှစ်နေအောင်တိုးဝင်ကာဖက်ထားလိုက်သည်

ရှောင်းမေမေကလည်းပြန်ပွေ့ဖက်သည်
နောက်ပိုင်းရှောင်ကျန့်ကိုယ်လေးတသိမ့်သိမ့်တုန်လာကာရှိုက်သံစလေးများပဲတခေါက်တခေါက်ထွက်လာသည်

ရှောင်းသခင်မကြီးလည်းဖက်ထားကာမျက်ရည်များကျလျက်....

သားအမိနှစ်ယောက်ဖက်ရင်းစကားမပြောဘဲတစ်ယောက်ကိုတစ်ယောက်မလွှတ်တမ်းဖက်ကာ ငိုနေကြသည်

ဝမ်သခင်မလည်းအခန်းအပြင်ကနေမသိအောင်သာကြည့်ရင်းဝမ်းနည်းလျက်...

"ကျန့်လေးရယ် ခွဲစိတ်ဖို့ကြောက်တာနားလည်ပါတယ် ရာခိုင်နှုန်းလည်းသိပ်နည်းတာကို...."
လို့သာတွေးရင်းနှင့်ခြံထဲထွက်လာသည်

ခြံထဲသို့ရောက်သည်နှင့် ရိပေါ်တစ်ယောက် ခြံထဲရှိနှင်းဆီဖြူများကိုကြည့်နေသည်ကိုတွေ့တော့

"သား "

နီရဲနေသောမျက်ဝန်းများဖြင့်လှည့်ကြည့်လာသည်

"မေမေ"
"သားဘယ်လိုဆုံးဖြတ်ထားလဲ"
"ကျနော်လား ...ကလေးကိုခွဲစိတ်ခိုင်းမယ်မေမေ
ဆရာဝန်ကလည်းနှလုံးအလှူရှင်ရှိပြီးသားတဲ့ ကျိုးချန်ရှာပေးထားပြီတဲ့ "

အချစ်စစ်(Yizhan version)Kde žijí příběhy. Začni objevovat