အချစ်စစ် (အပိုင်း၂၂)

3.9K 225 25
                                    


Unicode


                        "ငိုကြွေးခြင်း"


ဆောင်းရာသီမှာအေးတာကတစ်မျိုးအိမ်ကနေလည်းဘာမှမပြင်မဆင်ပဲနဲ့ချက်ချင်းလိုက်လာတာကြောင့်ဆွယ်တာအပါးလေးတစ်ထည်နှင့်သာ.

ဆောင်းလေကတဖြူးဖြူးနှင့်ရိပေါ်လည်းအေးစိမ့်စိမ့်လေးဖြစ်လာသည်
တံခါးကိုမှီကာဝန်းရံတာဘက်ကိုလှမ်းကြည့်လိုက်သည်....

ထိုပန်းချီကားလေး..ကအမှန်တကယ်ကို သတိရစေသည် ကလေးရဲ့အပြုံးလေးမျက်မှန်အောက်ကတောက်ပနေတဲ့မျက်ဝန်းလေးအားလုံးကအမှန်ကိုမြတ်နိုးစရာလေးပင်
ရိပေါ်တစ်ယောက်စဥ်းစားရင်းပြုံးမိတယ်
သိပ်ဟုတ်တာပေါ့ကလေးကသိပ်ချစ်ဖို့ကောင်းတာ
အခုတော့အဲ့အပြုံးတွေကိုဆက်လက်တည်မြဲဖို့သူ့မြတ်နိုးရာလေးအသက်ရှင်ပြီး ကမ္ဘာကြီးမှာရှိတယ့်ပျော်စရာတွေကိုကိုကြုံတွေ့ရအုန်းမယ်လေ...
ကိုယ်လုပ်နိုင်မှာပါနော်..ကိုကို့ကလေးလေးကို ကိုယ်တိုက်တွန်းပေးနိုင်မှာပါနော် ...ကိုယ့်ကိုယ်ကိုအားတင်းနေသော်လည်းမသိစိတ်ကအလွန်ကြောက်ရွံ့နေသည်မလုပ်နိုင်မှာကို
ကလေးသူ့ကိုထားသွားမှာကိုသိပ်ကြောက်သည် သူကလေးမရှိတဲ့ဒီလောကကြီးမှာတစ်စက္ကန့်လေးတောင်မနေလိုပါ ...

လေတိုက်လာသည်နှင့်လက်ရှိအဖြစ်မှန်သို့ချက်ချင်းရောက်လာသည် တကိုယ်လုံးလည်းတုန်ချမ်းနေပြီဖြစ်သည်

သူဒီတိုင်းသာဆက်နေရင်တော့မနက်ထိတောင်ခံပါ့မလားမသေချာပင် စဥ်းစားရင်းနှင့်ပင်ချောင်းဆိုးလာကာတကိုယ်လုံးကိုက်ခဲလာသည်...သူတော့ဖျားတော့မယ်ထင်ပါရဲ့ဒီလိုဖျားနေရင်ကလေးအတွက်များဝန်ထုပ်ဝန်ပိုးဖြစ်နေမလားအင်းသူထရမယ်...
ထမှဖြစ်မယ်...
ဒီထက်ကလေးကိုဒုက္ခထက်ပေးလို့မဖြစ်ဝူးလေ..

စိတ်ကိုတင်းကာထလိုက်သည်နှင့်ခေါင်းထဲမိုက်ခနဲဖြစ်ကာလဲကျသွားသည်
အရာအားလုံးလည်းဝေဝါးလို့လာသည်

ဟင်း...စိတ်စေရာတိုင်းတစ်ခုတောင်မဖြစ်ပါလား...

######################

နောက်တစ်နေ့မနက်

မနက်ခင်းနေရောင်ခြည်များပြတင်းပေါက်ကနေတဆင့်ဖြာကျလာပြီးနွမ်းလျာပြီးအားအင်ချိနဲ့နေသောကောင်လေးမျက်နှာပေါ်သို့ကျဆင်းလာကြပြီးကျီစယ်နေသရောင်.....

အချစ်စစ်(Yizhan version)Where stories live. Discover now