"ဟာ....လူစုံတက်စုံပါလား...
ဘာစားနေကြတာလဲ?.."

"လာပါဦး...မေးစရာရှိလို့..."

"ဘာဖြစ်လို့လဲ? ပါပါး..."

"ဘာလို့အခုမှအထဲဝင်လာတာလဲ?.."

"သြော်...အဲ့တာက အပြင်က မာလကာပင်မှာ မာလကာသီးတွေသီးနေတယ်လေ...
အဲ့တာကို ကြည့်နေတာ..ဟီးဟီး."

"မင်းကတော့လေ စားဖို့ပဲချောင်းနေတယ်..."

"မစားသေးပါဘူး...မပွသေးလို့...ဟီးဟီး..."

"ဒီကောင်လေးကတော့လေ..."

စကားအကောင်းပြောနေတာကို ရယ်ပြီးပြန်ပြောနေတဲ့ကောင်လေးကြောင့် သူရဖုန်းမြင့်ခေါင်းခါမိသည်..။

"လာ...အခန်းထဲသွားမယ် ပြောစရာရှိတယ်...
အဖေ ပါပါး သွားလိုက်ပါဦးမယ်နော်..."

ခန့်ညားလည်း ဧကရဲ့လက်ကိုဆွဲလိုက်ပြီး..အပေါ်ထပ်ကအခန်းဆီကို ခေါ်လာလိုက်သည်..။

"ဘာဖြစ်လို့လဲ?..."

"ပြောပါဦး...ဒီနေ့သားကို ယောက်ဖလို့ခေါ်သွားတယ်ဆို..."

"ဟုတ်လား...
သားမှာ အစ်မမှမရှိတာ..."

"ဟင်း.......ကလေး မသိချင်ယောင်ဆောင်မနေနဲ့...
သူက ကလေးကိုရည်ရွယ်ပြီး ခေါ်သွားတာလေ..."

"ကျွန်တော့်ကို..."

သူ့ကိုသူ လက်ညှုိးပြီး မယုံသလိုပြောနေတဲ့ကောင်လေးက တကယ်ကိုသူမသိသလိုပင်..။

"ဟုတ်တယ်...သားကလည်းပြောနေတယ် ပါပါးကိုဘောင်းဘီတိုတွေမဝတ်ခိုင်းပါနဲ့တဲ့...
သားမကြိုက်ဘူးတဲ့..."

"ဘာဆိုင်တာမှတ်လို့ ကျွန်တော်ကြိုက်လို့ကျွန်တော်ဝတ်တာပဲကို..."

"ကိုယ်မကြိုက်ဘူး...
နောက်တစ်ခုအဲ့လိုတွေမဝတ်နဲ့...
ဝတ်ချင်ရင် ကိုယ့်ရှေ့မှာပဲဝတ်..."

"ဟွန့်...အဝတ်အစားကအစ လိုက်ပိတ်ပင်နေတာပဲ..."

"ပိတ်ပင်တာမဟုတ်ဘူး...သဝန်တိုတာ...
ကိုယ်သဝန်တိုတယ်...
ကလေးက ငယ်ငယ်ရွယ်ရွယ်လေးလေ..ကိုယ်လုံးဝစိတ်မချဘူး..."

"ဟွန်း...ပြီးရော...
ယောက်ျားစိတ်တိုင်းကျမဝတ်တော့ဘူး..."

"အဟက်...ဒီလိုမှပေါ့...
နောက်တစ်ခါမဝတ်နဲ့တော့နော်..."

ဦးရဲ့ကလေးဆိုးလေး (ချစ်တော့ချစ်တယ်..အလိုမလိုက်ဘူး..) (completed)Where stories live. Discover now