Part-28(Uni)

15.2K 1.2K 159
                                    

အနီရောင်နှင်းဆီပန်းတစ်ပွင့်ကိုကိုင်ကာ..ဦးခန့်ညားတစ်ယောက် အိမ်ထဲကိုဝင်လာသည်..။ ဧကလည်း ဝင်လာတဲ့ဦးခန့်ညားကိုကြည့်ပြီး..ပြုံးနေလေသည်..။

ဒီလူကြီး တောသားလူပျိုကြီးသာဆိုတယ် roတတ်သားပဲ..။ နှင်းဆီပန်းလေးကိုင်လာပြီး..ဟိဟိ...ချစ်ခွင့်ပန်ဖို့ထင်တယ်..။ ဒီလိုမျိုးလည်း တတ်သားပဲ..။ ထင်တောင်မထင်ထားဘူး..ဟီးဟီး....

"ကလေး..."

စခေါ်နေပြီ...လူဆိုးကြီး ဘာပြောမလို့လဲမသိဘူး..ဟီးဟီး....

"🎶ပန်းနီနီမပေးနဲ့ကွယ် မပန်ချင်ပါဘူး...
ပန်းနီနီမပေးနဲ့ကွယ် မပန်ချင်ပါဘူး...
ချစ်ဦးသူနဲ့ဝေးမှာစိုးလို့...ပန်းနီနီမပေးနဲ့ကွယ် မပန်းချင်ပါဘူး🎶 ဟီးဟီး.."

"ဘာတွေဆိုနေတာလဲ?...
ရူးနေတာလား..."

"အဟီး...အဲ့ပန်းက ကျွန်တော့်အတွက်မဟုတ်ဘူးလား...
ဦးခန့်ညားက ကျွန်တော့်အတွက်...ဟီးဟီး..."

"ကလေးအတွက်မဟုတ်ပါဘူး...
ကိုယ့်ဘာသာယူလာတာ..."

ကြားလိုက်ရတဲ့စကားကြောင့်..ဧကမှာ စိတ်ဆိုးသွားသည်..။ ဦးခန့်ညားကိုကြည့်နေရာကနေ..အခြားတစ်ဖက်ကိုလှည့်လိုက်သည်..။

"ဟွန်း....အဖိုးကြီး roလည်းမroတတ်ဘူး...
ဟုတ်တယ်လို့ ပြောလိုက်တော့ သူ့အသားပဲ့ပါသွားတာကျနေတာပဲ...ဟွန့်..."

"အဲ့တာဘာဖြစ်တာလဲ?...
ဘာလဲ ပန်းမပေးလို့စိတ်ကောက်တာလား..."

"လာမပြောနဲ့..."

"အဟက်...ဒါက စိတ်ကောက်တာပေါ့လေ..."

"လာမပြောနဲ့ဆို..."

မျက်နှာကြီးစူပုတ်ပြီး တစ်ဖက်လှည့်သွားတဲ့ကောင်လေးကြောင့် ပြုံးမိသည်..။ ခန့်ညားလည်း..စိတ်ကောက်နေတဲ့ကောင်လေးအနားသွားလိုက်ကာ ကပ်ထိုင်လိုက်သည်..။ ခန့်ညားလည်းကပ်ထိုင်ရော..ဧကက ရှေ့ကိုတိုးသွားလေသည်..။

"စိတ်ကောက်နေတာလား..."

"မဟုတ်ဘူး..."

"အဟက်...ဒီပန်းက ကလေးအတွက်ယူခဲ့တာပါ...
ဒီဝက်ပေါက်လေးကို ပေးချင်လို့..."

"လာမနောက်နဲ့..."

"တကယ်ပါဆို..."

ပြောလည်းပြော ခန့်ညားကဧကရဲ့ပခုံးပေါ်ကိုမေးစေ့တင်ပြီးပြောလိုက်သည်..။ မြင်ရတဲ့ပခုံးသားဖွေးဖွေးလေးကြောင့်..ခန့်ညားလည်း အသဲယားပြီး ကိုက်ချလိုက်သည်..။

ဦးရဲ့ကလေးဆိုးလေး (ချစ်တော့ချစ်တယ်..အလိုမလိုက်ဘူး..) (completed)Where stories live. Discover now