စာစဉ် ၈ (၁၁-၃၀)
Start from the beginning
ဂူယူရှန်း ဖုန်းကို အချိန်အ‌တော်ကြာ ကိုင်ထားပြီး
ခေါင်းအုံးနောက်ကို ပစ်ထားလိုက်သည် ။ ဒါပေမဲ့လည်း ပြန်ကိုင်လိုက်ပြီး လျန်ဒေါ့ကူဆိုတဲ့နာမည်ကို ရှာကာ မက်ဆေ့မှာ စာရေးလိုက်တော့သည် ။
“Happy Birthday”
စာရိုက်ပြီးပြန်တော့လည်း သူ့မှာ ပို့ဖို့ လက်တွန့်နေရပြန်တာကြောင့် ရေးထားတဲ့စာကို ပြန်ဖျက်ကာ ဖုန်းကို အိပ်ယာပေါ် ပစ်တင်လိုက်ပြီး လက်ကို ခေါင်းနောက်ထားကို လှဲချလိုက်ပြီးတဲ့နောက် မျက်လုံးတွေကို ပိတ်ထားလိုက်တော့သည် ။
မိနစ်ပိုင်းအကြာမှာတော့ လက်ကို ခေါင်းနောက်ကနေ ဆွဲထုတ်ပြီး ပြတင်းပေါက်ဘက်ကို မျက်နှာလှည့်လိုက်သည်။ ခဏအကြာ တံခါးဘက်ကို မျက်နှာလှည့်ပြန်ပြီး သူ့မှာ မငြိမ်မသက် ။
၁၀ မိနစ်အကြာမှာတော့ စောင်ကို ခေါင်းကနေပါ ခြုံပြီး တကိုယ်လုံးအုပ်ထားလိုက်တော့သည် ၊
ဒါပေမဲ့ အရုဏ်တက်ချိန်အထိ သူအိပ်မပျော်နိုင်ခဲ့....
မနက် ၈ နာရီမှာတော့ ဂူယူရှန်းထလိုက်ပြီး
မနက်စာစားကာ သူ့မိတ်ဆွေ ကုမ္ပဏီကို အစည်းအ‌‌ဝေးလုပ်ဖို့ ထွက်လာလိုက်သည် ။
၁၁ နာရီလောက်မှာတော့ အင်္ဂလန်မှာ မိုးဖွဲလေးတွေ
ဟိုဟိုသည်သည် ကျနေခဲ့သည် ။
ချင်းကျီအိုက်တို့ အဖွဲ့ကတော့ နေ့လည်ပိုင်း စားသောက်ဆိုင်ကို ရောက်တဲ့အချိန် အပြင်ဘက်မှာ မိုးတွေ ရွာလို့...
၁နာရီအထိုးမှာတော့ ဂူယူရှန်းဆီ ဖုန်းဝင်လာခဲ့တာကြောင့် သောက်လက်စ၀ိုင်ခွက်ကို ချပြီး
ဘောင်းဘီအိတ်ကပ်ထဲကဖုန်းကို ထုတ်လိုက်တော့
CSK Live ဆီကပင် ။ လျန်ဒေါ့ကူရဲ့မွေးနေ့စဖို့
၁၀ မိနစ်အလိုဆိုတာ လှမ်းသတိပေးခြင်း .....။
ဂူယူရှန်း မနေ့ညကသတင်းဖတ်နေရင်း သူမမွေးနေ့ကို တက်ရောက်ဖို့ စာရင်းပေးခဲ့မိတာလား ။
-----------------------------------------------------------
စာစဉ် ၈၊ အခန်း ၁၂။ သူ့အမျိုးသမီးမဟုတ်ဘူး (2)
ဂူယူရှန်း သူ့လက်ချောင်းတွေနဲ့ ဖုန်းအစွန်းကို ကိုင်ကာ လှည့်နေမိသည် ..