"ကိုကြီး"
"ပြော ငယ်လေး"
"ကျွန်တော့်ကိုဖုန်းခဏလောက်ယူပေးပါလား။ကျွန်တော်ဖြိုးဉာဏ်ကိုဖုန်းခေါ်မလို့"
"အင်း ခဏနော် ယူပေးမယ်"
သူအိပ်ရာပေါ်ကထကာ စာကြည့်စားပွဲပေါ်မှာ တင်ထားသော ဆောင်းဦး၏ဖုန်းကိုသွားယူလိုက်သည်။ပြီးနောက် ဆောင်းဦးကိုဖုန်းပေးလိုက်သည်။သူ့အစ်ကိုပေးသော ဖုန်းကိုယူကာ ဆောင်းဦးကဖြိုးဉာဏ်ကိုဖုန်းခေါ်လိုက်သည်။တစ်ခါလည်းမကိုင်၊နှစ်ခါလည်းမကိုင်နှင့် သုံးခေါက်မြောက်ကျမှပဲ ကိုင်နိုင်တော့သည်။
"ဟယ်လို ဆောင်းဦး၊ဆောရီးကွာ ငါခုနကမုန့်စားမလို့ အောက်ထပ်မှာမုန့်သွားဆင်းယူနေလို့။မင်းကဘာလို့ဖုန်းဆက်တာလဲ။ပြောစရာရှိလို့လား"
"ငါနေမကောင်းဘူး သိလား။ဖျားနေတယ်"
"အယ် ဟုတ်လား။ဘယ်လိုဖြစ်လို့လဲ"
"ရေအကြာကြီးချိုးလိုက်မိလို့နဲ့တူတယ်။အဲ့ဒါငါနောက်ရက်တွေ မင်းတို့နဲ့လိုက်ဖို့အဆင်ပြေမှာမဟုတ်တော့ဘူး သိလား"
"အေးပါ မင်းဘာသာမင်းနေကောင်းအောင်နေ။မင်းအသံကလည်းနော် အပြင်ထွက်လို့မရတော့ဘူးဆိုတော့ ပျော်မြူးနေတာပဲ"
"ဟီးဟီး အဲ့လိုလည်းမဟုတ်ပါဘူး မင်းကလည်း။ဪ ပြောဖို့မေ့နေတာ။မနက်ဖြန်လေငါတို့အိမ်မှာ မုန့်လုံးရေပေါ်နဲ့ရွှေရင်အေးလုပ်စားမှာ။မင်းလာရင်လာခဲ့ပါလား။မင်းမနက်ဖြန်အပြင်မသွားဘူးမလား ပြီးတော့"
"အာ သေချာပေါက်လာခဲ့မှာပေါ့ ဟဲဟဲ။ကောင်းထက်တို့ကိုပါခေါ်ခဲ့မယ်နော်"
"အင်း ကောင်းတယ်။အယ် သူတို့ပါလာရင်ကိုထက်လည်းပါမှာပေါ့နော်"
"ပါမှာပေါ့ကွ။ဘာလို့လဲ"
"ဟင့်အင်း ဘ....ဘာမှမဟုတ်ပါဘူး။ဖုန်းချလိုက်တော့မယ်။မနက်ဖြန်မှတွေ့မယ်နော် အဲ့ဒါဆို"
"ဟုတ်ပြီ မင်းလည်းကိုယ့်ကိုယ်ကိုယ်ဂရုစိုက်"
"အေးပါ"
ဆောင်းဦး ဖြိုးဉာဏ်နှင့်ဖုန်းပြောပြီးတော့ ဖုန်းကိုအိပ်ရာပေါ်သို့ ပစ်ချလိုက်သည်။ဘေးမှာသူ့အစ်ကိုရှိနေတာတောင် သတိမရဘဲ ရင်ဘတ်ကိုဖိပြီး မျက်နှာတွေကလည်း နီရဲတွတ်နေသည်။သူ့ကိုမျက်စိဒေါက်ထောက်ကကြည့်နေတဲ့ လေပြည်ဦးကတော့ သူ့ညီကိုကြည့်ကာ အလန့်တကြားဖြစ်သွားရသည်။
YOU ARE READING
My Nerdy Boy
RomanceYou're not my ideal type but still,you make my heart flutter uncontrollably. Note-This fiction is just my imagination.Thank you. Start date-1/11/2020 End date-21/2/2021
Chapter-24
Start from the beginning