"ဘယ်မှာလည်း ဘိုရာ "

"............"

.......................

ဂျောင်ကု ဘိုရာ့အားတွဲကာ ကားထဲထည့်ရင်း

"ဘာလို့ အဲ့လောက်တောင် မူးနေရတာလည်း မင်းမိန်းကလေးမဟုတ်ဘူးလား "

"အဲ့တာ ဂျွန့်ကြောင့်လေ "

ပြောပြီး သူ့အားဖက်တွက်လာတဲ့သူမ

"ဘိုရာ ဖယ်စမ်း မင်းအေးဆေးနေနော် မဟုတ်ရင် ငါဒီမှာထားခဲ့မှာ "

"ဟင့်အင်း ဂျွန်မရက်စက်နဲ့ ဘိုရာ့ကို အဲ့လိုလုပ်လို့မရဘူး "

ဂျောင်ကုအစက သူမအိမ်ထိသူ့ကားနဲ့လိုက်ပို့ဖို့စဉ်းစားထားပေမယ့် စိတ်ပြောင်းသွားကာ သူမ Bodyguard အား ခေါ်လိုက်ပြီး

"ဘိုရာ့ကို အိမ်ကို ခင်ဗျားပဲ ပြန်ပို့လိုက်တော့ "

ဘိုရာ့ကို သူ့ကားထဲကနေ လွှဲပြောင်းပေးလိုက်ရင်း ပြန်လာခဲ့သည်...

....................

ထယ်ယောင်း အရမ်းကိုစိတ်ညစ်နေရသည်.. PD ထားပေးတဲ့ အစောင့်တွေနဲ့ လူက အိမ်မှာမနေရပဲ တိုက်ခန်းတစ်ခုမှာနေရသည် ... အလုပ်ချိန်ကလွဲလို့ ဂျောင်ကု မျက်နှာအားမြင်ခွင့်မရှိ..ဂျောင်ကုကလွဲလို့ ကျန်တဲ့သူတွေအကုန် သူ့တိုက်ခန်းအားဝင်ထွက်ခွင့်ရသည်...

Ph အသစ်လဲထားပေးကာ ထယ်ယောင်း ph က
PD ဆီမှာ ဂျောင်ကု အခုဆို Ph ဆက်မရလို့ စိတ်များပူနေမလား ..

"တီ...တောင်"

"ကျစ် ဘယ်သူလည်းမသိဘူးကွာ "

ထယ်ယောင်းတံခါးသွားဖွင့်လိုက်တော့ မထင်မှတ်ထားတဲ့ဧည့်သည်.. မကောင်းတတ်တာကြောင့်ခရီးဦးကြို ပြုမိသည်..

"အော် ယူနာ "

"တို့ကိုပေးမဝင်တော့ဘူးလားယောင်း "

"အော် လာလေ "

"တို့ ယောင်းအတွက်လက်ဆောင်ပါတယ် "

စက္ကူအိပ်တစ်ခုကို စားပွဲပေါ်တင်ကာ ဖွင့်ကြည့်ရန် မျက်စပစ်ပြတော့ ထယ်ယောင်းဖွင့်လိုက်တော့ ပုံငါးပုံ
ဂျောင်ကုနဲ့ကားထဲမှာ ဘိုရာဆိုတဲ့ကောင်မလေးဖက်နေကြတဲ့ပုံတွေ ရှုထောင့်အမျိုးမျိုးကရိုက်ထားသည်..

💜 Secret Love 💜 (Completed)Where stories live. Discover now