Part-21 (Final)

14.3K 742 51
                                    

ဂျောင်ကုတို့ NZL ကပြန်လာပြီးကတည်းကရင်း ထယ်ယောင်းနားကမခွာတော့ပေ...လေ့ကျင့်တဲ့အချိန်တွေဆိုလည်း အချစ်အချစ်နဲ့ ဟျောင်းတွေမှာနားငြီးရသေးသည်...

အခုလည်း အဆန်းထွင်ပြန်ပြီ ညနေကျ ဟန်မြစ်မှာ Date ချင်ပါသည်တဲ့...တစ်နေ့တစ်မျိုးထွင်နိုင်လွန်းတဲ့အဆန်းတွေ ပါပါရာဇီတွေမိမှာတစ်မျိုး Idol တွေမှန်းလူသိမှာတစ်မျိုးနဲ့ ကြောက်ရတဲ့အထဲ ဂျောင်ကုက စွန့်စားရတာသဘောကျတယ်တဲ့လေ..

လူရှုတ်တဲ့ Coffee ဆိုင်မှာ Idol မှန်းမသိရအောင်တစ်ကိုယ်လုံးအကျအန အကုန်ဖုံးပြီး ထိုင်တာမျိုး...
Shopping Mall ထဲလျှောက်ပတ်တာမျိုး...ညဈေးတန်းတွေထွက်ပြီးမုန့်စားတာမျိုး အစုံကိုထယ်ယောင်းမှာလိုက်လုပ်ပေးရသည်...

တစ်ခါကဆို ညဈေးမှာမုန့်စားရင်း ဂျောင်ကုကိုမှတ်မိသွားတာကြောင့် လူတွေအုံလာကာမနည်းလွတ်အောင်ပြေးခဲ့ရသေးသည်...အခုလည်းကြည့် ဟန်မြစ်ကမ်းဘေး လက်ချင်းတွဲပြီးလမ်းလျှောက်ချင်ပါသတဲ့ ...ညနေဆိုရင် ဒီလောက်ဟန်မြစ်ကမ်းဘေးမှာလူများတာကို သူတမင်စွန့်စားတာ...

"အချစ် သွားမယ်လို့နော် "

လက်မောင်းကိုလာဆွဲရင်း ချွဲနေတဲ့ ချစ်ရသူကို ထယ်ယောင်းမှာ ပစ်ပစ်ခါခါလည်းမငြင်းရက်သလို သွားဖို့ကလည်းမလွယ်ကူတာကြောင့် အကျပ်ရိုက်နေတော့သည်...

"သွားလိုက်ပါ ယောင်းငယ်ရယ် ဟျောင်းတို့နားငြီးလာပြီနော် မင်းတို့အတွဲ"

ဂျင်ကဝင်ပြောမှ ထယ်ယောင်းသက်ပြင်းချကာ ဂျောင်ကုဘက်လှည့်ပြီး...

"ဒီတစ်ခါ တကယ်နောက်ဆုံးလိုက်လျောတာနော် ဟိုတစ်ခါကလို လူတွေမှတ်မိလို့ ပြေးလွှားနေရရင် နောက်တစ်ခါ မောင်နဲ့ ဘယ်တော့မှမလည်တော့ဘူး "

"အင်းပါ အချစ်ရယ်"

ထယ်ယောင်းနဲ့ဂျောင်ကု ဟန်မြစ်ကမ်းဘေးမှာ လက်ချင်းတွဲပြီးလမ်းလျှောက်နေကြသည်...ဂျောင်ကုမှာလည်း ထယ်ယောင်းလေးအားတစ်ချက်တစ်ချက်ငေးကြည့်ရင်း ဒီလောက်ချစ်စရာကောင်းတဲ့ကောင်လေးနဲ့အတူတူ Idol ဖြစ်လာပြီး ချစ်ခွင့်အပြင် ပိုင်ဆိုင်ခွင့်ရောရရှိထားသည့် သူ့ကိုယ်သူ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးဟုသာ မှတ်ယူထားမိသည်...

💜 Secret Love 💜 (Completed)Where stories live. Discover now