ကျွန်တော့်စိတ်ထဲမှာတော့ ရှက်တဲ့စိတ်နဲ့
ပါးပါးကို စိတ်ဆိုးမိတဲ့စိတ်ပဲရှိတယ်။

ကျန်တာတွေ ကျွန်တော် မသိဘူး။

ဒါ့ကြောင့် မား မရှိတော့နောက် ကျွန်တော် တစ်ယောက်တည်း အိမ်ခွဲနေခဲ့တာ...။

ပါးပါးကတော့ အမြဲပြုံးနေနိုင်တဲ့ လူဆိုတော့ ကျွန်တော် အိမ်ပြောင်းသွားလဲ သူဘာမှမခံစားရလောက်ပါဘူး။
ကျွန့်တော့် ပါးပါးက Every Time, Everywhere, Happy man ကြီးပေါ့ဗျာ... ဟက်.!

"ရိပေါ် ဘာဖြစ်လို့လဲ...?
မျက်နှာမကောင်းသလိုပဲ"

ဘေးနားရောက်လာပြီး မေးလိုက်တဲ့ 'လန်စစ်ကျွေး' စကားကြောင့် ရိပေါ်အတွေးစ,တို့ကို ရုတ်သိမ်းလိုက်ရင်း....,

"သြော်.. အင်း.. ဘာမှမဖြစ်ပါဘူးကွာ..
မင်းတို့ သွားသောက်ကြလေ...
တစ်ခုခုအဆင်မပြေတာရှိလို့လား...?"

"မရှိပါဘူးကွာ...
မင်းသာ တစ်ခုခု အဆင်မပြေတာရှိရင် ငါ့ကိုပြောလို့ရတယ်နော် Yibo..!
ဒါနဲ့ ဒီည ဒီ Bar မှာပဲ အားလုံးတည်းကြဖို့ ငါ အားလုံးကိုပြောပြီးသွားပြီ သိလား...?"

ရိပေါ် ပုခုံးတစ်ဖက်ကို လက်တစ်ဖက်ဖြင့် ပုတ်ကာ အားပေးသလို ပြောလိုက်တော့ ခေါင်းတစ်ချက်ငြိမ့်ပြကာ အသိအမှတ်ပြု၏။

(*ရိပေါ် သူ့ပါပါး အကြောင်းတွေ တွေးနေပြန်ပြီထင်ပါတယ်...*)

ရိပေါ်အကြောင်းကိုသိစွာ စစ်ကျွေး'တွေးမိလိုက်ရင်း သက်ပြင်းတစ်ချက်ကိုလဲ အသာချလိုက်မိသည်။

သူတို့သားအဖနှစ်ယောက်ကိုအဆင်ပြေစေချင်ပေမယ့် ကိုယ်ကဘေးလူဆိုတော့ အများကြီးပြောလို့လဲ ကောင်းတာမှ,မဟုတ်ပဲလေ...။

ပြီးတော့ ဒီလိုနေ့မျိုးမှာ Yibo အိမ်ပြန်ချင်မှာ မဟုတ်ဘူး။

ဒီ Bar မှာက Hotel ရော ၊ စားသောက်ဆိုင်ရော ၊ ကာရာအိုကေရော ၊ Dancing bar ရော အစုံတွဲဖွင့်ထားတာကြောင့် တော်တော်လေးကို အဆင်ပြေသွားရသည်။

ခေါင်မိုးထပ်မှာတော့ မြို့အလှကို ခံစားအပန်းဖြေရင်း ပါတီပွဲတွေ ၊ မွေးနေ့ပွဲတွေကို အထက်တန်းကျကျ ရိုးရှင်းလှပစွာကျင်းပလို့ရတာကြောင့် ပို၍နာမည်ကြီး၏။

အမုန်းအားဥပေက္ခာပြု၍ [အမုန်းအားဥပေက္ခာပြု၍] {Complete}Tahanan ng mga kuwento. Tumuklas ngayon