မင်္ဂလာစင်မြင့်ထက်​ရောက်​တော့ ဓါတ်ပုံရိုက်ကြ၊ ဗီဒီယိုရိုက်ကြ၊ ဘိသိက်ဆရာက ​ရေစင်သွန်း​လောင်း​ပေးနဲ့ အလုပ်ရှုပ်​နေကြ​​တာ​ပေါ့။ ကိစ္စဝိစ္စ​တွေပြီးစီးသွား​တော့ မင်္ဂလာ​မောင်နှံနဲ့ မိဘများက ဧည့်ခံဖို့ ဆင်းသွားကြ​ရော။ သုခအပါအဝင် ​လေး​ယောက်သားက သူတို့အစီအစဉ်စသင့်ပြီဖြစ်​ကြောင်း တစ်​ယောက်ကိုတစ်​ယောက် မျက်စပစ်ပြကြတယ်။

ဟိုသုံး​ကောင်က​တော့ ဆင်တူ​တွေပဲ။ ခခက အရံလုပ်ရ​သေးတာဆို​တော့ သူတို့နဲ့ဆင်တူဝတ်စုံအပိုကို အိတ်နဲ့ထည့်ယူခဲ့တာ။ ဒီ​ကောင်​တွေကိုခဏ​​​စောင့်ခိုင်းပြီး toiletထဲအဝတ်သွားလဲတာ​ပေါ့။ အဝတ်လဲပြီးပြန်ထွက်လာ​တော့ အိမ်သာ​ရှေ့မှာ ဝုန်းဆိုတဲ့အသံကြားလိုက်​ရော။ ဘာများလဲဆိုပြီး စပ်စုလိုက်တာ​လေ...ဒီခန်းမက ဝိတ်တာနှစ်​ယောက်ထင်ပါတယ်။ ယူနီ​ဖောင်း​တွေနဲ့မို့ ထင်လိုက်တာ​ပေါ့​နော်။

တစ်​ယောက်က ​နောက်တစ်​ယောက်ကို ​ကော်လံက​နေဆွဲပြီး အိမ်သာနံရံ​ကို ဝုန်းခနဲတွန်းလိုက်တာပဲ။ ပြီး​တော့ မျက်​​ထောင့်နီကြီး​တွေနဲ့ နံရံကပ်​နေတဲ့​ကောင်​လေးကို စိုက်ကြည့်​နေတယ်။ အဆွဲခံရတဲ့​ကောင်​လေးကလည်း ​​ကြောက်​ကြောက်လန့်လန့်နဲ့မို့ထင်ပါတယ်။ အသက်ရှူသံ​တွေ​တောင်ကြား​နေရတယ်။

အနားမှာက လူ​တွေလည်းမရှိဘူး။ ဒီနှစ်​ကောင်သတ်ကြ​တော့မယ်လို့ စိတ်ကအလိုလိုထင်​နေတယ်။ သူတို့က​တော့ ခခကိုမမြင်ဘူးထင်တာပဲ။ ခခလည်း ရန်ဖြစ်​တော့မယ်ထင်လို့ ​ပြေးဖို့ပြင်​တော့ အွန်းဆိုတဲ့အသံကြီးထပ်ကြားလိုက်ရ​​ရော။ စပ်စုလိုစိတ်က ထိန်းမရ​တော့ ​နောက်တစ်ခါလှည့်ကြည့်မိ​တော့...

ဟယ်...ဒီ​ကောင်​တွေက လက်စသတ်​တော့ အချစ်စမ်း​နေကြတာပဲ။ ခခကိုမ​ပြောနဲ့ ​ခွေးဖြတ်သွား​တောင်မြင်ကြမယ်မထင်ဘူး။ မိုးမမြင် ​လေမမြင် တအွန်းအွန်းနဲ့ နမ်း​နေလိုက်ကြတာများ။ ခခမှာ​တော့ ထွက်​ပြေးရမလို ရပ်ပဲကြည့်ရမလိုဖြစ်​နေ​ရော။ သူများမင်္ဂလာ​ဆောင်မှာ သင်းတို့က လုပ်စရာရှိတာမလုပ်ဘဲ လုပ်ချင်ရာ​တွေလုပ်​နေကြတယ်။

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now