Part-11

6.7K 966 58
                                    

Unicode...

"မင်းက ဘယ်လိုထင်လို့လဲ"

​သော်ကြီးက​မေး​တော့ ကျွန်​တော်ဘယ်လိုပြန်​ဖြေရမှန်းမသိ​တော့ဘူး။ မျက်နှာတည်ကြီး​တွေနဲ့ ​ကြောက်လာပြီဗျ။

"မင်းတို့ဂိုဏ်းနာမည်က ဘာလဲဟင်"

ကျွန်​တော်​တွေ့လိုက်တာ​တော့ တက်တူး​တွေက ကြွက်လိုလိုပူးလိုလိုနဲ့။ ကြွက်ဂိုဏ်း​တို့ ပူးဂိုဏ်းတို့​တော့ မဖြစ်နိုင်ဘူးမလား။

"​သော်ကြီး...ဒီ​ကောင် ဒါ​တော့လွန်သွားပြီ"

ဝဏ္ဏကလှမ်း​ပြောတယ်။

"ဟုတ်တယ်​ ​ဟေ့​ကောင်...သူခိုးလို့သိထားတာပဲ လွန်လှပြီ"

ငထွန်းဆိုတဲ့​ကောင်လည်း ဝင်​ထောက်ပြန်တယ်။

"မင်းအ​ကောင်ကို ​သေချာနှုတ်မပိတ်နိုင်ရင် ငါတို့ကပိတ်​ပေးရလိမ့်မယ် ​သော်​သော်"

ဟင်...ခခက မထင်ရဘူး​နော်။

"ဒီအတိုင်းလွှတ်ထား​တော့မှာလား ​သော်ကြီး"

စကားနည်းလှတယ်ဆိုတဲ့ မြတ်သူကပါ ဝင်ပါတယ်။

အ​ခြေအ​နေက တကယ်မဟန်​တော့ဘူး။ အ​မေ​ရေ အ​မေ့သား လူ​ရွေးမှားပြီထင်တယ်။

"ငါ ငါဘယ်သူ့မှပြန်မ​ပြောတတ်တာ မင်းတို့လည်းသိသားပဲ...ဘာဖြစ်လဲ...မင်းတို့ဘာသာ သူခိုးဖြစ်ဖြစ် မာဖီးယားဖြစ်ဖြစ်...​​ငါ​​ပြောဘူး"

ကျွန်​တော် ပါးစပ်ကို လက်နဲ့ပိတ်ပြီး ​ခေါင်းတယမ်းယမ်း​လုပ်​နေရတယ်။ ​​ဘေးက​သော်ကြီးက အားကိုးရ​လောက်ပါတယ်။ ​ပြော​တော့ ကျွန်​တော့်ကို ဘာမှမဖြစ်​စေရဘူးတဲ့။ အခုသင်းက အ​ပေါက်ကြီးပိတ်​နေ​လေရဲ့။

"​​ဟေ့​​ကောင်​တွေ ​တော်ကြပါ​တော့ကွာ...ဒီမှာတုန်​နေပြီ"

အခုမှ ကျွန်​တော့်ပခုံးကိုဖက်ပြီး သူ့ရင်ခွင်ထဲ ဆွဲသွင်းတယ်။ အစတည်းက လုပ်သင့်တာကို။ သော်ကြီးရဲ့စကားအဆုံးမှာ အကုန်လုံး ဝါးခနဲ​​နေတာပဲ တစ်ဖွဲ့လုံး ရယ်ကြတယ်။ ကျွန်​တော်က​တော့ ဘုမသိ ဘမသိ အူလည်လည်​လေးနဲ့ လိုက်ကြည့်​နေရတာ​ပေါ့။

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now