*ဘာဖြစ်တာလဲ ရှောင်းကျန့်ရာ။ ငါတို့သိအောင် ပြောပါဟ*
မင်ဟန်က ထပ်မော့မည်ပြင်နေတဲ့ ရှောင်းကျန့်လက်ကို ဆွဲကာ မေးတော့ ရှိုက်ကြီးတငင်ငိုလာသည်။ ရှောင်းကျန့် ထိုလိုငိုဖူးတာ ဒါ တတိယအကြိမ်မြောက်။
*ငါ့ကို ချာတိတ်က မုန်းတယ်တဲ့..! ငါ့ကို မမြင်ချင်ဘူးတဲ့ကွာ .!*
ငိုလဲငို စားပွဲတွေကိုလဲ ထုရိုက်နေ၍ သူတို့မှာ ဆွဲရတော့သည်။ ဟိုကလေးက ကျန့်ကို ဒီလောက်ချစ်တာ ဘာလို့မုန်းတယ် ပြောရတာလဲ?
အခုလောလောဆယ် အော်ဟစ်ငိုယိုပြီး ငြိမ်သွားသည့် ရှောင်းကျန့်က ဘာမှမပြောပဲ အရက်တွေ သောက်နေပြန်သည်။ အချိန်ကြည့်လိုက်တော့ ည ၁၁ထိုး။
*ကျန့် ထ သွားအိပ်တော့..! ညနက်နေပြီ*
အရင်ကဆို ၁၁ထိုးဆိုတာ သူတို့အတွတ် အစောကြီး ရှိသေးသည်။ အခုက သေမလို သောက်ထား၍ မအိပ်ခိုင်းလို့မရ။
*ဟမ်..! ငါ အပြင် ခနသွား..အေ့ သွားအုံးမယ်..! ဘယ်သူမှ လိုက်မလာနဲ့*
*ဟေ့ကောင် ဟာ..! *
ယိုင်တိုင်တိုင်နှင့်ထကာ ဆိုင်ကယ်သော့ယူပြီး ထွက်သွားသည့် ရှောင်းကျန့်ကို ဘယ်သူမှ မတားလိုက်နိုင်။
*သေတော့မှာပဲ ဒီကောင်တော့. !!*
မင်ဟန်၏ စိတ်တိုနေသည့် အသံကျယ်ကြီးက တိုက်ခန်းတစ်ခုလုံး ဟိန်းထွက်လာသည်။
__________________
*ချာတိတ်..အေ့..ချာတိတ်လေးရာ*
ရှောင်းကျန့် မူးမူးနဲ့ ရိပေါ် အိမ်ရှေ့လာကာ အော်ဟစ်နေလေသည်။ ရိပေါ် တစ်ရေးနိုးလာတော့ ခြံရှေ့က အော်ဟစ်နေသည့် ဦးကျန့်အသံကြောင့် လိုက်ကာကို အသာဟကာ ကြည့်လိုက်သည်။
*ချာတိတ်လေးရေ..!!!*
ခြံတံခါးကို တဝုန်းဝုန်းထုကာ အော်နေသည့် ဦးကျန့်ကြောင့် ရိပေါ် မျက်ရည်တွေကျလာသည်။ ဦးကျန့်ကရိပေါ်ဘက်ကို ဘယ်တော့မှ လှည့်မကြည့်ခဲ့ဘူး။ ရိပေါ်မှာ ဦးကျန့်ကြောင့် အရှက်ရသည်မှာ ခနခန။ ဒါတောင် ဦးကျန့်က အိမ်ရှေ့ထိလာပြီး အရှက်လာခွဲသည်။
YOU ARE READING
Restart
Fanfictionဖြူဖြူစင်စင်လေးဆို ကိုယ်က အသဲတယားယားနဲ့ ခြေမွပစ်ချင်နေရော #ရှောင်းကျန့် ဦးကျန့်က ကျနော့်အတွတ် နားမလည်ဆုံးနဲ့ အခက်ခဲဆုံး ပုစ္ဆာပဲ #ရိပေါ်