"ဟုတ်လား..သူ့သူငယ်ချင်းက ဒီကျောင်းမှာတဲ့လား..တိုက်ဆိုင်လိုက်တာနော်"

Yibo ရွဲ့တဲ့တဲ့နဲ့ ပြောတော့ Xiaozhan က ရယ်ကာ

"မင်း သူ့ကို ကြည့်မရဘူးလား"

"အင်း..ငါက သူတင်မဟုတ်ဘူး..ပဲများပြီး မိန်းမ အရမ်းဆန်တဲ့ မိန်းမတိုင်းကို ကြည့်မရတာ"

"မင်းကတော့လေ..ဒီပုံနဲ့..မင်းကောင်မလေးရမှာ မဟုတ်ဘူး"

"မရလဲ ဘာဖြစ်လဲ..မင်းရှိနေတာပဲဟာ"

"ငါက ကောင်မလေး ရသွားရင်ကော"

Yibo ထို မေးခွန်းကြောင့် အနည်းငယ် ငြိမ်သက်သွားသည်။ စိတ်ထဲမှာ ရှိနေသလို ဘာလဲ ကျောက်ရှင်းအာ ကို မင်းကြိုက်နေတာလား ဟုဒေါသထွက်ထွက်နဲ့ မေး ပစ်ချင်ပေမယ့် မြိုသိပ်လိုက်ကာ ပြုံးလိုက်ပြီး

"ရသွားတော့လဲ ဘယ်တက်နိုင်ပါ့မလဲ... ငါ့မှာ တားခွင့်မှ မရှိတာ"

Xiaozhan က သူ့ကို စူးစိုက်ကြည့်ကာ...

"ငါ ကောင်မလေး ထားဖို့ စိတ်ကူးမရှိသေးပါဘူး"

Xiaozhan စကားကြောင့် Yibo ဝမ်းသာသွားမိသည်။ ဒီစကားအရဆို Xiaozhan က ကျောက်ရှင်းအာ နဲ့ ပတ်သတ်ပြီး ဘာခံစားချက်မှ မရှိသေးဘူးပဲ။

.....................

Xiaozhan ရှင်းပြသည့် စာတွေကို Yibo ကဘေးကနေ Xiaozhan မျက်နှာလေးကို ငေးကာ နားထောင် နေသည်။ စာတွေက ကျက်သရေ မရှိပေမယ့် Crush ရဲ့ မျက်နှာလေးက ကျက်သရေ ရှိလိုက်တာ။ အသံလေးကလဲ ချိုလို့။ ဒီနှုတ်ခမ်းလေးက စာတွေ မထွက်လာပဲ Yiboကို ချစ်ကြောင်း စကားလေးတွေ ထွက်လာရင် ဘယ်လောက် ကောင်းမလဲ။

"Yibo...ငါရှင်းပြတာ နားလည်လား"

"အင်း"

"ခေါင်းသာညိမ့်နေတာ..စိတ်ဝင်စားတဲ့ ပုံလဲ မပေါ်ဘူး..Wang Yiboရာ..မင်းဆော့နေတဲ့ ဂိမ်းတစ်ဝက်လောက်ပဲ စာကို စိတ်ဝင်စားစမ်းပါ..ဂိမ်းက မင်းကို ဘာမှ အကျိုးပြုမှာ မဟုတ်ဘူး..စာက အကျိုးပြုမှာ"

"ငါနားထောင်နေပါတယ်..မင်းကလဲ"

အဲ့လို အကျိုး ပြုမှာ မဟုတ်ဘူးလို့ Xiaozhan ပြောတဲ့ ဂိမ်းတွေက နောက်တစ်ချိန် Yiboအတွက် ငွေတွင်းကြီး ဖြစ် လာမှာကို Xiaozhan မသိသေးဘူး။

ငါ့ Crushက ငါ့ကို ကြိတ် ကြိုက်နေတယ် (ငါ့ Crushက ငါ့ကို ကြိတ် ကြိုက်နေတယ်)Where stories live. Discover now