"တစ်ခြားဟာ လုပ်ချင်တာ"

"ဘာ...."

"ဂိမ်းဆော့တာကို ပြောတာ"

"မင်းတော့လေ ငါ ထုထည့်လိုက်ရ သေတော့မယ်..ဒီလောက်ဖြစ်နေတာတောင် ဒီဂိမ်းအကြောင်းကို ပြောတုန်း..ငါ ပြောတာ နားမထောင်ရင် မင်းပါးကို ငါ ဘာမှ မပြောပေးတော့ဘူးနော်..မင်းဟာမင်း အရိုက်ခံလို့ မက ဘာပဲ ဖြစ်ဖြစ် "

Yiboက Xiaozhan ရင်ခွင်ထဲ တိုးဝှေ့ပြီး ခေါင်းဖြင့်ပွတ်သတ်ကာ

"မင်းကလဲကွာ...ငါ စကားနားထောင်ပါမယ်..မပြောပဲနဲ့တော့ မနေနဲ့နော်..ငါ့ပါးက လက်သံအရမ်းပြောင်တာ..ငါ သေလိမ့်မယ်.."

Xiaozhan က Yiboဆံပင်တွေကို ပွတ်သပ်ကာ

"အဲ့လို ငါ့ရင်ဘတ်ကို ခေါင်းနဲ့ ဝှေ့ပြီး မင်းလိုချင်တာ တောင်းနေတာ..မင်းက ကြောင်လား"

"အင်း..ကြောင်လေ..Xiaozhan ရဲ့ ကြောင်လေး..ညှောင်"

Xiaozhan က ရယ်ကာ သူ့နဖူးကို လက်ဖြင့်အသာတောက်ကာ..

"တော်တော့..တကယ်ပဲ...မင်းက အရမ်းပြောင်းလဲလာတာပဲ..အရင်ကလို မဟုတ်တော့ဘူး"

"အရင်က ငါက ဘာဖြစ်လို့လဲ"

"အရင်က မင်းစကားပြောရင် အရမ်းမာတာလေ..ငါနဲ့ အခုလို စတာ နောက်တာတောင်သိပ်မရှိဘူး"

"မင်းမျက်လုံးထဲမှာ အဲ့လို မြင်နေတာလား"

"အင်း"

Yiboက သက်ပြင်းအသာချသည်။ အရင်တုန်းက သူ Xiaozhan ကို သူချစ်နေတာ ရိပ်မိသွားမှာစိုးလို့ ချေမိုးပြီး ဆက်ဆံခဲ့တာ။ သေချာတွေးကြည့်လိုက်ရင် Xiaozhan စိတ်မကောင်းဖြစ်ခဲ့မိမှာပဲ။

"အခု ငါက အရင်ကလို မနေတော့ဘူး..အခုလို မင်းနဲ့ ရင်းရင်းနှီးနှီးပဲ နေတော့မယ်"

"ဟုတ်ပါပြီ"

"ငါ့ပါးကို ကူပြောပေးနော်"

"အေးပါကွာ..မင်းလဲ ငါနဲ့အတူ စာလိုက်လုပ်ရမယ်နော်"

"အင်း.."

ပြုံးနေတဲ့ Xiaozhan ကို ချစ်မြတ်နိုးစွာ ငေးကြည့်နေမိရင်း ကျောက်ရှင်းအာ ကို သတိရသွားသည်။

"ခုနက ဟိုမိန်းကလေး က ငါတို့ ကျောင်းကို ဘာလာလုပ်တာလဲ "

"သြော်..သူ့ သူငယ်ချင်း ကို လာတွေ့တာတဲ့"

ငါ့ Crushက ငါ့ကို ကြိတ် ကြိုက်နေတယ် (ငါ့ Crushက ငါ့ကို ကြိတ် ကြိုက်နေတယ်)Where stories live. Discover now