Chapter -7 (တကယ် နင်းခံရမဲ့သူက ဘယ်သူလဲ)

Start from the beginning
                                    

"မနက်က မင်းကို လာပို့တာက... မင်းအဖေလား"

"ဟုတ်တယ် ငါ့ဒယ်ဒီလေ"လို့ ပခုံးလေးတွန့်ကာ ပြန်ဖြေလိုက်ရင်း စာကိုသာ အာရုံစိုက်နေလိုက်သည်၊သူ သိတာပေါ့ ဟန်စုမင် ဘယ်ကိုလမ်းကြောင်းသွားချင်နေတာလဲဆိုတာ... ရှင်းရှင်းပြောရရင် အရင် လော့ရှန်ဟွာကလည်း လော့အိမ်တော်က သားဆိုတာကို လူတိုင်းကိုမကြွားဝါခဲ့တာကြောင့် ဒီကျောင်းကသူတော်တော်များဟာ လော့ရှန်ဟွာကိုမိဘမဲ့ဟုသာ ထင်နေကြပြီး အနိုင်ကျင့်နေကြခြင်းဖြစ်သည်၊ဟန်စုမင်ကလည်း လော့ရှန်ဟွာကို ခုတုံးလုပ်ပြီး အများအမြင်တွေ နာမည်ကောင်းရယူပြန်သည်၊ အဟက်... အခု ငါလီရှန့်ဟွာလာပြီလေ မင်းတို့တွေ အခုထဲက ဘုရားတဖို့သာ ပြင်ထားလိုက်တော့...

"ရှန်ဟွာ...  မင်းမိဘတွေ မိဘတွေ့ဆုံပွဲတွေလာတာ တစ်ခါမှမမြင်ဖူးဘူးနော် ဘာလို့လဲ"လို့ သိချင်သည့်မျက်ဝန်းများအပြင် မလိုလားသည့်အကြည့်ပါမြင်နေရသည်ကို မြင်လိုက်ရတော့... လော့ရှန်ဟွာစိတ်ထဲ ဟန်စုမင်ပေါ် ပိုမိုစိတ်ပျက်သွားမိသည်၊ လော့ရှန်ဟွာက ဆိုးသွမ်းပေမယ့် အကြံမကြီးဘူး၊သူရဲ့စိတ်လေးကရိုးရှင်းတယ်...ငယ်ငယ်ထဲက မိဘမေတ္တာငတ်ပြတ်နေခဲ့တဲ့ ရှန်ဟွာဟာ သူလုပ်ချင်တာကို လုပ်ပြီး သူ့မွေးစားအဖေရဲ့အာရုံကို ရယူခြင်းဖြစ်သည်၊ အင်း... အာရုံကိုရပေမယ့် လော့ကျန်းပေ့မျက်ဝန်းထဲမှာ ဆန်ကုန်မြေလေးဆိုတဲ့ စိတ်ရှုပ်စရာကောင်းတဲ့သားတစ်ယောက်ဟုသာ မြင်ချင်းထက် မပိုတော့ချေ၊

"ငါ့မိဘတွေ အမြဲအလုပ်တွေနဲ့ရှုပ်နေလို့လေ...ပြီးတော့ ဒီလိုပွဲသေးသေးလေးကို သူတို့လာစရာအကြောင်းမှ မရှိတာ" ဟု လော့ရှန်ဟွာစကားကြောင့် ဟန်စုမင် အနည်းငယ်အထင်သေးသွားပြီး... 'ကြည့်ရတာ လော့ရှန်ဟွာမှာ မိဘရှိပေမယ့် အပယ်ခံသားပဲ ဖြစ်ရမယ်...အစ်ကိုအန်းထျန်းရဲ့မိဘတွေတောင် မအားလပ်ရတဲ့အထဲ လာသေးတာပဲ... 'လို့ တွေးတောလိုက်ပေမယ့် အပြင်ပန်းကတော့ ပြုံးပြုံးလေးနဲ့သာ

"ဟုတ်လား... ငါ့မိဘတွေကတော့ မအားလပ်တဲ့ကြားထဲက လာနေရတယ်...သိတဲ့အတိုင်းပဲ...Top 3ထဲ အမြဲဝင်နေတော့ မလာလို့လည်းမရဘူးလေ"လို့ စိတ်ညစ်စွာ ညည်းညူပြနေသည့် ဟန်စုမင်ရဲ့အပိုလုပ်နေသည့်မျက်နှာကို ပြုံးပြုံးလေးသာကြည့်နေပြီး

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now