part-3

5.2K 513 25
                                    

Unicode

"ဟေ့ကောင် မင်းတစ်ကယ်ပြောနေတာလား"

ဟောက်ရွှမ်းရဲ့အမေးကို ရိပေါ်က ခေါင်းငြိမ့်အဖြေပေးတယ်။

"ငါကတော့ တစ်စက်ကလေးမှကို ကြည့်မရတာ
ပုံစံကိုက အချိုးမပြေဘူး"

လင်းရှန့်က မိန်းကလေးပီပီ အတင်းတုပ်ချင်သလို၊ အပြစ်ဆိုချင်သလို ပြောလာသည်။ ထိုစကားကို ကျိရန်ကလည်း ခေါင်းငြိမ့်ထောက်ခံသည်။ ရိပေါ်ကတော့ ပြုံးပြုံးပင်။ ရှောင်းရဲ့ အဲ့လိုသူမထီတဲ့ ပုံစံလေးကိုပဲ.....။

"ရိပေါ်..ရိပေါ်..ဟေ့ကောင်"

တစ်ခါခေါ်မရ၊ နှစ်ခါခေါ်မရနဲ့ ခေါင်းကိုခပ်ဆတ်ဆတ်လေး ပုတ်ပြီးခေါ်မှ ရိပေါ်က အသိစိတ်ဝင်လာသည်။

"နာတယ်ဖေ့သားလေးရဲ့"

"ငါခေါ်နေတာ မင်းမှမကြားပဲငစားရဲ့
အဲ့တော့အခု မင်းPlanကဘာလဲ
အဲ့လူကို လိုက်တော့မယ်ပေါ့"

ရိပေါ်က မျက်ခုံးတစ်ချက်ပင့်လို့ အဖြေပေးတယ်။

"သေချာပေါက်ပဲပေါ့"

******

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ မီးရောင်မျိုးစုံက stateပေါ်တွင်ရှိနေသော ဂစ်တာကိုင်ထားသည့် ဝါဂွမ်းဖြူလေးဆီကိုသာ ဦးတည်ထားသည်။

ကျောင်းရဲ့kingက စတိတ်ပေါ်တွင် ခပ်ရေးရေး အပြုံးတစ်ခုဖန်ဆင်းရင်း ဂစ်တာလက်ကွက်ကို စတင်တီးခတ်တော့ ခန်းမတစ်ခုလုံး အော်သံတွေနဲ့ ဆူညံတယ်။

သိပ်ကိုမိုက်တဲ့king၊ စတိုင်ကျတဲ့ကောင်လေး၊ အဖြူရောင်လေးနဲ့ သန့်ပြန့်နေတဲ့ ကလေးငယ်။ မင်းက အရာရာperfectပဲ။

စင်အောက်ရှိ ထောင်သောင်းသော ပရိတ်သတ်တွေထဲ ရှောင်းလည်းအပါအဝင်ဖြစ်တယ်။ စိတ်ရဲ့စေစားမှုကြောင့် လူများတဲ့နေရာတွေ ရှောင်တတ်တဲ့ ရှောင်းက အခုလို နေရာကို ရောက်ရှိလာခဲ့ခြင်းပင်။

ကျင်းဟန်ကိုလည်း ဒုက္ခပေးမိပြန်တယ်။ အနားက ကျင်းဟန်က ရှောင်းကိုလက်တို့တယ်။

"ရှောင်း မျက်တောင်ခတ်ပါအုံး"

"မင်းငြိမ်ငြိမ်နေပေးလို့ရမလား"

CRUSH [Completed]Où les histoires vivent. Découvrez maintenant