Part 4

4.9K 495 18
                                    

Unicode

တစ်ခုသောညနေခင်း..
အလယ်တန်းကျောင်းသားလေးတစ်ယောက် လွယ်အိတ်ကို ဝှေ့ရမ်းလို့ စာသင်ခန်းပြင်သို့ထွက်တယ်။ ကျောင်းဆင်းရင်လာကြိုနေကျ မားတို့ကားရှိရာ အပြေးသွားရင်း ကျောင်းသားတစ်ယောက်နဲ့ ဝင်တိုက်မိပါသတဲ့။ အသက်အရ သူ့ထက်ကြီးပုံပေါ်တာမို့ ကိုကိုလို့ခေါ်လိုက်မိတော့ ထိုသူက ငုံ့မိုးကြည့်ရှာတယ်။

မှတ်မှတ်ရရ ကိုကို့နှုတ်ခမ်းအောက်နားမှာ မှဲ့သေးသေးလေးရှိတာကို သတိထားမိတယ်။ ကိုကိုကသူ့ကိုပြောတယ်။

"ညီလေး ခိုက်မိသွားသေးလား"

ရိပေါ်ကခေါင်းခါပြမှ တော်ပါသေးရဲ့လို့ပြောပြီး ပြုံးပြပါတယ်။ ခန ကိုကိုပြုံးလိုက်တော့ ရှေ့သွားကြီးကြီးလေး နှစ်ချောင်းရှိတာကို တွေ့ရတယ်။

သူတစ်နေရာရာမှာ မြင်ဖူးပါတယ်လို့ တွေးမိမှ အော် သူဟိုတစ်နေ့က ကြည့်ရတဲ့ အမွှေစိန်ထဲက ယုန်လေးကို ပြေးသတိရတယ်။

"ကိုကိုက ယုန်လား"

ရိပေါ်ရဲ့အမေးကို ကိုကိုက ပြူးကြောင်ကြောင်လေး ကြည့်တယ်။ ခနကြောင်အမ်းနေပြီးမှ ကိုကိုက အတွေးပေါက်ပြီးရယ်ပါတယ်။

ကိုကိုရယ်လိုက်တဲ့အချိန်မှာပဲ ရိပေါ်က လွယ်အိတ်ထဲပါလာသမျှ သကြားလုံးတွေကို ထုတ်ပြီးလွှင့်ပြစ်ပါတယ်။ အဲ့တော့ ကိုကိုကမေးတယ်။

"ညီလေး သကြားလုံးမကြိုက်ဘူးလား
ဘာလို့လွှင့်ပြစ်တာလဲ"တဲ့။

"ကိုကို့အပြုံးလောက်မချိုလို့"လို့ပြောလိုက်တော့ ကိုကိုက အရယ်ရပ်တယ်။ မနေ့ကကြည့်ခဲ့တဲ့ မြန်မာကားထဲကစကားလုံးတွေကို copyလိုက်တာလေ။ ရိပေါ်အကြံ ဘယ်လောက်မိုက်လိုက်သလဲ။ ကိုကိုကြွေကျ မြေခရပြီပေါ့။ တွေးရင်း ရိပေါ်က It is meဆိုတဲ့ အပြုံးကြီးပြုံးပါတယ်။

"ညီလေးက မြန်မာကားတွေ အရမ်းကြည့်ပုံပဲ"

အင်း....ကိုကို့ရဲ့စကားမှာ ရိပေါ်နင်ပါတယ်။ နည်းနည်းလေးတောင် မသိချင်ယောင်ဆောင်မပေးဘူး။ ကိုကိုက စိတ်ဓာတ်ပါပဲ။

"သားငယ်လေး"

ထိုစဉ် ကားပေါ်ကဆင်းလာသော မားဆီမှ ခေါ်သံကြောင့် ရိပေါ်စိတ်ပျက်လက်ပျက်နဲ့ လှည့်ထွက်ဖို့ပြင်ရတယ်။ အဲ့အချိန်မှာပဲ နောက်လှည့်ကြည့်တော့ ကိုကိုမရှိတော့ပါ။ အော် ကိုကိုက ရိပေါ်ထက်ပိုသွက်ပါတယ်။ မတော်တဆ အောက်ငုံ့ကြည့်မိတော့ ဓာတ်ပုံသေးသေးလေးတစ်ပုံ။ ကိုကိုချန်ခဲ့တဲ့အမှတ်တရလေးမို့ ကျွန်တော်ရိပေါ်က တယုတယသိမ်းထားပါ့မယ်။

CRUSH [Completed]Where stories live. Discover now