တစ်​ခန်းက​ရွှေ​ရောင်​​သော့ဖြင့်​ခတ်​ထားသည်​.....။
တစ်​ခန်းကမူအနက်​​ရောင်​​သော့ဖြင့်​ခတ်​ထားသည်​.....။

ထိုအခန်းများကို​တော့အချိန်​ယူ၍ဖွင့်​ရ​ပေအုံးမည်​....။
Zမိမိ​ရှေ့မှထိုအခန်းကြီးထဲသို့ဦးတည်​လိုက်​သည်​.....။

လူ​ခြေတိ​တ်​လှသည့်​ထိုပိုင်​ရှင်​မဲ့အခန်းကြီးထဲတွင်​တစ်​ခန်းလုံးကိုအနက်​​ရောင်​များဖြင့်​စီခြယ်​ထားသည်​....။

ပိတ်​​မှောင်းကာအရာရာ​ကြောက်​ရွံ့ဖွယ်​အတိ​ဖြစ်​​နေ​ချေသည်​.....။

အဝတ်​ထည့်​ထားသည့်​ဗီရိုသည်​နှစ်​လုံးဖြစ်​သည်​...။
တစ်​လုံးထဲတွင်​​တော့လူကြီးလူ​ကောင်းဆန်​လှသည့်​အ​နောက်​တိုင်းဝတ်​စုံများသာ...။

နောက်​တစ်​လုံးတွင်​​တော့​ခေတ်​ဆန်​ဆန်​လူငယ်​ဝတ်​စုံများသာ....။
သို့​သော်​လည်းထူးခြား​နေသည်​မှာထိုအင်္ကျီအကုန်​တွင်​အနက်​​ရောင်​များဖြစ်​​နေခြင်း.......။

'အနက်​​ရောင်​ကိုအဲ့​လောက်​crazyဖြစ်​​နေတာလား...​ကျောချမ်းစရာ​ကောင်း​အောင်​....´

********************************
Zအိပ်​ခန်းတွင်းလိုက်​ကြည့်​​နေစဉ်​ပင်​...
မိမိ၏အသိစိတ်​တို့ကအနားတွင်​တစ်​စုံတစ်​ဦးရှိ​နေသည်​ဟု​ပြောပြ​နေသည်​......။

သို့​သော်​လည်းမည်​သူမျှရှိမ​နေ​ချေ.......။
ထို့​နောက်​​နားထဲဝင်​လာသည့်​အသံတစ်​ခု....။

" က​လေး..​ဒီထဲမှာမ​နေပါနဲ့...ဒီအခန်းကအန္တာရယ်​ရှိတယ်​....
က​လေးသွားပါ...ဒိအိမ်​ကထွက်​သွားပါ..."

" ဟင်​....ခင်​..ခင်​ဗျားဘယ်​သူလဲ....ခင်​ဗျားဘယ်​က​ပြော​နေတာလဲ..အခုချက်​ချင်းထွက်​ခဲ့.."

" ကိုယ်​..ကိုယ်​အခုက​လေးဆီလာလို့မရ​သေးလို့ပါ...တစ်​ခု​တော့သိထား​ပေး...ဒီအခန်းထဲကိုလုံးဝမဝင်​ပါနဲ့...."

Zမမြင်​ရတဲ့တစ်​စုံတစ်​ဦး၏တိုက်​တွန်းသံ...တားမြစ်​သံတို့​​ကြောင့်​အခန်းပြင်​သို့ပြန့်​ထွက်​လာလိုက်​သည်​......။

Devil System(U+Z)Where stories live. Discover now