"ဟုတ်ကဲ့အမေ...သားအရမ်းပျော်တာပဲ...အမေက သားကို လက်မခံဘူထင်တာ...အီးဟီး"
"အယ်တော်...ကလေးလုပ်ပြန်ပြီ...မငိုနဲ့လေ...တိတ်တော့...ဟိုကောင်လေးကိုလည်း နောက်တစ်ခါခေါ်လာပါဦး...ဟိုတစ်နေ့က ကောင်းကောင်းမိတ်မဆက်လိုက်ရဘူး...သူလည်း အမေ့ကိုအထင်လွဲသွားတယ်ထင်တယ်"
"ဟုတ် ခေါ်လာခဲ့မယ် မေမေ...အာဘွား"
ဟီးဟီ...ပျော်လိုက်တာ။ အမေက တကယ်တော့ ကျွန်တော်ဖြတ်သန်းရမဲ့ဘဝအတွက် စိတ်ပူနေခဲ့တာပဲ။ သော်ကြီးကို ပြောပြရမယ်။ နောက်တစ်ခါ အိမ်လာရအောင်လို့။ သူလည်းအခုတလော မအားဘူးလေ။ သမ္မာအာဇီဝကျတဲ့ အလုပ်လုပ်နေလေရဲ့။ မန်းမြို့တော်မှာ စားပွဲထိုးလုပ်နေတယ်ပြောတာပဲ။ သူလိုလူကို အလုပ်ခန့်ပေးတဲ့ အလုပ်ရှင်များကို ကျွန်တော်က ညတိုင်းကျေးဇူးတင်ကြောင်း ရင်ထဲကပြောပေးနေကျ။ ကျွန်တော့်ကြောင့် သူတကယ်ပဲပြောင်းလဲသွားတော့မှာလား။ ဒါဆိုရင်တော့ တအားပျော်ရတာပေါ့။
Dialing~~
"အလုပ်ဆင်းပြီလား"
"အင်း ခုလေးတင်"
"မင်းကို သတင်းကောင်းပြောစရာရှိတယ်"
"ဘာများပါလိမ့်"
"အမေကလေ ငါတို့ကိုလက်ခံတယ်တဲ့...ပြီးတော့ မင်းကိုလည်းထပ်တွေ့ချင်တယ်တဲ့...မင်းအားတဲ့နေ့ လာခဲ့မယ်မလား"
"တကယ်လား...ယောက္ခမလောင်းကြီးက လက်ခံတယ်ဆိုတော့ ဝမ်းသာရတာပေါ့...မဟုတ်လည်း သိပ်တော့ ဝမ်းမနည်းပါဘူး...ခိုးပြေးမယ်လေ...မင်းလည်း လိုက်ချင်တယ်မလား"
"သူခိုးစုတ်...စကားကို ဘယ်တော့မှကောင်းကောင်းမပြောဘူး"
"မီးတောက်လေးရာ...ခုရက်ပိုင်း မင်းစိတ်ထိခိုက်နေလို့ ပျော်အောင်ထားတာပါ"
"ချစ်တယ် သူခိုးစုတ်...နားလိုက်ဦး...ညကျရင် အာဘွားထပ်ပေးမယ်"
"မပေးလို့ ရရိုးလား...မပေးရင် အိမ်ထိလာတောင်းမှာပေါ့...ဒါပဲနော်"
YOU ARE READING
General FictionFirst Chapter Published : Nov 19 2020 Last Chapter Published : Dec 29 2020💌 စိန်ပလိန်တိန် မုန့်လင်မယား မှားနေတယ် မုန့်လင်လင်ကွ... ဪအေး ဟုတ်သား...ဟေ့ကောင်တွေ ပြန်အော်မယ်... စိန်ပလိန်တိန် မုန့်လင်လင်!!!! မုန့်လင်လင်!!!! ~~~~~~~~~~~~~~~~~~~...
Part-17
Start from the beginning