မင်မောလဲ မက်မောစရာပါပဲ။ ရှောင်းကျန့်ဆိုသည့် ဘဲကြီးက မိုက်လွန်းသည်။ ခပ်အေးအေး အပြုံးတွေက လူသတ်လက်နက်သဖွယ်။ သွေးအေးအေးနဲ့ ရက်စက်တတ်သည့် သူမျိုး။ ပုံစံကြည့်တာနဲ့ ဆိုးတေပြီး ပွေရှုပ်မည့်လူမှန်း သိသာစေသည်။ ထိုလူ စိတ်ကုန်သွားရင်တော့ သူ့ သူငယ်ချင်းလေးကို လွှတ်ပေးလောက်ပါရဲ့။

သူ့သူငယ်ချင်းလေးလို ကလေးဆန်ဆန် ဖြူဖြူစင်စင်ကောင်လေးနဲ့တော့ ရှောင်းကျန့်လို လူက တစ်ကယ်မလိုက်ဖက်ဘူး။

____________________

*လာ ..!*

ရိပေါ်လက်ကိုဆွဲပြီး ဝင်လာသည့်နေရာက ရိပေါ် အတွေးထဲမှာတောင် မရောက်ခဲ့ဖူးသည့် ဟိုတယ်ကြီး။ XZ Hotelဆိုသည့် ရွှေရောင်ဖောင်းကြွနေသည့် စာလုံးတွေကြောင့် အထဲဝင်ဖို့ပင်မရဲ။

ဦးကျန့် သူငယ်ချင်းတွေကတော့ ရှေ့ကနေ သွားနေသည်က ပေါ့‌ေပါ့ပါးပါးပင်။ ‌ဦးကျန့်ဘေးက ရိပေါ်ကသာ ကြောက်နေတာ။

XZဆိုတာ တရုတ်စီးပွားရေး ရေစီးထဲမှာ အဓိကအကျဆုံးပဲ။ နိုင်ငံတစ်ကာနဲ့ ဆက်သွယ်ထားသည့် လုပ်ငန်းတွေကလဲ ပေါများ လွန်းလှသည်။ ထိုလိုနေရာက ဘယ်လောက်ဈေးကြီးမည်ဆိုတာ ရိပေါ် သိသည်။

ညစာစားဖို့ဆိုပြီး ခေါ်လာသည့်နေရာက လူတစ်ကာ အိမ်မက်မက်နေသည့် XZ Hotelမှာ။ ရိပေါ်တို့ အထဲဝင်သွားတော့ တူညီဝတ်စုံနဲ့ ဝန်ထမ်းတွေက အားလုံးခေါင်းငုံ့ထားကြသည်။ Table 3ဆိုသည့် ဝိုင်းမှာထိုင်နေသည့် ဦးကျန့်သူငယ်ချင်းတွေက ဘာတွေမှာ‌ေနကြသည်မသိ။

*စားချင်တာမှာနော် ချာတိတ်*

ရိပေါ် ခေါင်းညိမ့်ပြလိုက်ပေမယ့် သူ့ရှေ့ရောက်လာသည့် menuစာအုပ်ကိုကြည့်ပြီး ဘာမှာရမှန်း မသိတော့။ ကြည့်ရုံနဲ့တင် ဈေးက ဘယ်လောက်ကြီးမည်ဆိုတာ ခန့်မှန်းလို့ရသည်။

ရိပေါ် ဟိုလှန်သည်လှန် လုပ်နေပေမယ့် ဘာမှမမှာရသေး။ ဦးကျန့် သူငယ်ချင်းတွေကတော့ မှာနေတာ အများကြီး။ ရိပေါ် ပတ်လှန်ကြည့်နေပေမယ့် နှုတ်ခမ်းလေး ကိုက်ကာ ငြိမ်နေမိသည်။

*ချာတိတ် အကြိုက်မတွေ့လို့လား..! ဘာစားချင်လို့လဲ*

*မ..မဟုတ်ပါဘူး။ ကျ..ကျနော်ဒါတွေကို မမှာတတ်ဘူး ဦးကျန့်*

RestartWhere stories live. Discover now