ရိပေါ်ဘေး လာရပ်ကာ သူ့ကိုယ်လုံးလေးကို ခပ်တင်းတင်းဖက်ပြီး ယွီပင်းတို့ဘက်လှည့်လိုက်သည်။ ယွီပင်းကတော့ သူ ကြိုပြောပြထား၍ သိပ်တော့မအံ့ဩ။ အံ့ဩနေသည်က ယွီပင်းစာရှင်းပြနေသည့် လူ။

*ယွီ..ယွီပင်း..ဒါ..ဒါက..ငါ့ဟိုဟာ*

စကားတွေထစ်ကာ လက်လေးတွေ တဆက်ဆက်တုန်နေသည့် ရိပေါ်ကြောင့် ယွီပင်းမှာ ဘယ်လိုကူညီရမှန်းမသိ။ မျက်နှာငယ်လေးနဲ့ မျက်တောင်လေးပုတ်ခက်ပုတ်ခက်လုပ်နေပုံက သနားစဖွယ်။

*ကိုယ်က ရိပေါ် ချစ်သူပါ။ ရှောင်းကျန့်လို့ခေါ်ပါတယ်*

*ယွီပင်းပါ*

ရှောင်းကျန့်လက်ထုတ်ပေးတော့ ယွီပင်းက ပြန်ထုတ်ပေးကာ လက်ဆွဲနှုတ်ဆက်လေသည်။ ဦးကျန့်လက်မှာ ပတ်ထားသည့် Rolexနာရီက ချွင်ခနဲမြည်လေသည်။

*ကိုယ်က ရိပေါ်နဲ့ဒိတ်ချင်လို့ လာခေါ်တာ..! ခေါ်သွားလို့ရတယ်မလား?*

မေးခွန်းမေးကထဲက အင်း လို့ဖြေလိုက်ရအောင် မေးတတ်သည့် မေးခွန်းပဲ။ ခေါ်သွားလို့ ရမလားတောင် မဟုတ်ပဲ ခေါ်သွားလို့ ရတယ်မလားတဲ့။ ရိပေါ် ရည်းစားဆိုသူဟာ သိပ် တင်းစီးလွန်းတယ်။

*ရိပေါ်သဘောကရော..!*

*ကိုယ့်သဘောက ချာတိတ်သဘောပဲပေါ့။ ဟုတ်တယ်မလား?*

ခေါင်းလေးဖွဖွပွတ်သပ်ကာ မေးလာသည့် ဦးကျန့်ကြောင့် ဇက်ကလေးပုဝင်ပြီး ကြောက်ကြောက်နဲ့ ခေါင်းညိမ့်ရတယ်။

*ဒါဆို ကိုယ်တို့သွားပြီနော်..!*

ရိပေါ် လက်ကိုဆွဲကာ ဆိုင်ကယ်ကြီးဆီခေါ်သွားပြီး ဦးထုပ်တွေဘာတွေဆောင်းပေးပြီးသည်နှင့် အနောက်ကထိုင်ကာ ရှောင်းကျန့်ဆိုသူက သူ့ခါးကို ဖက်စေသည်။ အနောက်က သူ့သူငယ်ချင်းတွေလို့ ထင်ရသူတွေကလဲ ရှောင်းကျန့်ဆိုင်ကယ်ပေါ် ရောက်သည်နှင့် သောက်လက်စ ဆေးလိပ်တွေကို ပစ်ချကာ ဆိုင်ကယ် စက်နှိုးကြလေသည်။

ပြီးမှ တဗြင်းဗြင်းနဲ့ လီဗာဆွဲကာ မောင်းထွက်သွားကြသည်။ ဘေးကလူတွေကတော့ အားကျသည့်အကြည့်၊ မက်မောသည့်အကြည့်တွေနှင့်။

RestartWhere stories live. Discover now