ep ... (6)

2.7K 366 38
                                    




           [ အလိမ်အညာ ခံရခြင်း ]

 
             … Crazy in luv …



  " ဟင် ! ဒါက ဘယ်သူ့ဖိနပ်လဲ "


  အိမ်အဝင်က သူစိမ်းဆန်လှသော ဖိနပ်တစ်စုံကိုကြည့်ရင်း တွေးတွေးဆဆနဲ့မေးလာတဲ့ Haein ကြောင့် သောက်လက်စရေဟာ လည်ချောင်းအတွင်းမှာ ရပ်တန့်သွားရတယ် ။


   " အဟွတ် !  အဟွတ် ! ! "


 
  ကိုယ့်ကိုကိုယ်တောင် သူ့အား စိတ်ဆိုးသည်လား ၊ မဆိုးသည်လား သေချာမသဲကွဲပဲ  စိတ်ဆိုးနေပါသည်ဟူ၍ တစ်လမ်းလုံး မူလာလိုက်တာ သောက်ကျိုးနည်း ဖိနပ်တောင် မလဲလိုက်မိပါဘူးတဲ့ ။



   " သ . . သူငယ်ချင်းဖိနပ်လေ .  . မမ ဖိနပ်က ရုတ်တရက် ပျက်သွားလို့ " 



   " ဟင် ! .  . Haeinပေးထားတဲ့ ဖိနပ်လေးက ပျက်သွားတာလား ? မမ မနက်ကစီးသွားတာ Haein လက်ဆောင်ပေးထားတဲ့ ဖိနပ်လေးလေ "



  အိမ်အဝင်ဝ ကနေ အနားကိုအပြေးလေးရောက်လာတဲ့ Haein ဟာ မျက်နှာလှလှထက်မှာ စိတ်မကောင်းသယောင် အငွေ့အသက်တွေနဲ့ ။ တစ်ခနတာလေး မေ့သွားခဲ့တယ် ။ အဲ့ဒီဖိနပ်လေးဟာ မကြာသေးခင်ကမှ Haein လက်ဆောင်ပေးခဲ့တဲ့ ဖိနပ်လေးဆိုတာ ။


  တကယ်တော့ ကိုယ်မလိမ်လိုက်သင့်တာကို ။



   " နည်းနည်းလေးပဲ ပျက်သွားတာပါ စီးလို့ရပါသေးတယ် "


   " စီးလို့ရသေးရင် ဘာလို့သူငယ်ချင်း ဖိနပ်ကိုစီးလာတာလဲ "



  နောက်တစ်ဖန်မေးလာတဲ့ Haein ရဲ့ မေးခွန်းအတွက် ကိုယ့်မှာဖြေစရာ စကားလုံးတွေက ရှိမနေဘူး ။ အမှန်အတိုင်းပဲ " အဲ့တာက Lalisa ရဲ့ ဖိနပ်ပါကွယ် " လို့ ပြောပြန်ရင်လည်း မေးခွန်းတွေက ဒီ့ထက်ပိုလို့ များလာစရာသာ ရှိတော့တယ် ။



   " အဲ့ဒါက အရေးမကြီးပါဘူး မနက်ဖြန် အမေရိက ကိုသွားဖို့ အားလုံးပြင်ဆင်ပြီးပြီလား "




  စကားလမ်းကြောင်း လွှဲလိုက်တယ် ။ ချက်ချင်း ညှိုးငယ်သွားတဲ့ ညီမဖြစ်သူရဲ့ မျက်နှာကိုမြင်ရတဲ့အခါ စိတ်ထဲတော့မကောင်းလှဘူး ။ အမှန်အတိုင်းဆို ကိုယ်လည်း သူ့ကိုအဝေးကြီးဆီ မပို့လိုက်ချင်ဘူး ။ အရမ်းကို ငယ်ရွယ်သေးတာမို့  မျက်စိရှေ့တင်ရှိနေတာတောင် စိုးရိမ်စိတ်မကင်းနိုင်တာကို ။



Crazy In Luv Where stories live. Discover now