ep ... (19)

2.7K 335 54
                                    






          [ ငါတို့ .  . ထွက်သွားကြမယ် ]

              … Crazy in luv …






  အခန်းအတွင်းမှာရှိတဲ့ တစ်ခုတည်းသောပြတင်းပေါက်ကနေ ခြံဝန်းအတွင်းကိုငုံ့ကြည့်မိတဲ့အခါ အနက်ရောင်ဝတ်လူငါးယောက်လောက်ဟာ ခြံအတွင်း ဟိုဟိုဒီဒီလျှောက်သွားလို့ ။သေချာပေါက်ကို အိမ်အဝင်က တံခါးဝမှာလည်း နှစ်ယောက်လောက်ရှိနေမှာ ။


  သက်ပြင်းတစ်ချက်ကိုသာ လေးလေးပင်ပင်ချလိုက်မိတယ် ။ ဦးခေါင်းတစ်ခုလုံးက အတိုင်းထက်အလွန် တစ်ဆစ်ဆစ်ထိုးကိုက်နေပြီး ကိုယ့်နှုတ်ခမ်းတွေဟာ ခြောက်သွေ့ဖြူဖျော့နေမှာ ဆိုပေမယ့် အနီးအနားမှာအသင့်ရှိနေတဲ့ မွေ့ယာပြင်ပေါ်လည်း လှဲချပြီးအနားယူမပစ်ချင်ဘူး ။


  ကိုယ် ဒီအိမ်ကြီးထဲမှာပိတ်မိနေခဲ့တာ တစ်ပတ်လောက်ရှိနေပြီ ။ တိတိကျကျပြောရမယ်ဆိုရင်တော့ ဖေဖေ့ကို လွန်ဆန်ခဲ့ခြင်းရဲ့ပစ်ဒဏ်တွေပေါ့ ။ ဖေဖေရွေးချယ်ပေးတဲ့ တစ်ဖက်ကသတို့သားလောင်းကို သွားမတွေ့ပဲ Lisa နဲ့ပဲတစ်ချိန်လုံးအတူရှိနေခဲ့တာကို သိတဲ့အခါ ဖေဖေက အကြီးအကျယ်ကို ဒေါသထွက်သွားတယ် ထင်ရဲ့ ။


  အင်း .  . လာတောင်မတွေ့တဲ့ သတို့သမီးလောင်းမို့ မင်္ဂလာရက်ကို နည်းနည်းလောက်နောက်ဆုတ်ကြရအောင်ဆိုပြီး စဉ်းစားချင့်ချိန်ကာ ပြောဆိုလာတဲ့ တစ်ဖက်က စကားတွေကြောင့်လည်းပါမှာပေါ့လေ ။

  ဘယ်လိုပဲ နောက်ဆုတ်ထားတယ်ဆိုပေမယ့် မင်္ဂလာပွဲဟာ ဖေဖေ့ဆုံးဖြတ်ချက်တွေအရ တစ်ချိန်ချိန်တော့ သေချာပေါက်ကျင်းပမယ့် ပွဲတစ်ခု ။ စဉ်းစားလိုက်တာနဲ့တောင် အသက်ရှုတွေ မွန်းကြပ်လာရတယ် ။ တစ်ပတ်လောက်သောအချိန်လေးအတွင်းမှာတောင် သူနဲ့လုံးဝအဆက်အသွယ်ပြတ်နေရခြင်းဟာ ကိုယ့်အတွက် တကယ် ငရဲ ။

  ဖေဖေနဲ့အတိုက်အခံကာလမှာ ဘာတစ်ခုမှမစားမသောက် ဆန္ဒပြနေတာမို့ လူတစ်ကိုယ်လုံးက အားအင်ချိနဲ့နေတဲ့အပြင် သူ့ကို လွမ်လွန်းလို့ပါ သေရချည်ရဲ့ ။

  အကြိမ်ကြိမ်အခါခါကြိုးစားကြည့်မိတဲ့ အပြင်ကိုခိုးထွက်ပစ်ဖို့လမ်းစဟာ ဘယ်လိုမှရှာကြံလို့မရတဲ့အဆုံး ကိုယ်တကယ်ကြီး တုန်လှုပ်လာမိတယ် ။ နောင်တတွေဟာ မနှစ်မြို့စရာကောင်းမှန်း က်ိုယ်သိပါရက်နဲ့ ။

Crazy In Luv Where stories live. Discover now