final(zawgyi)

7.2K 289 12
                                    

📲📲📲📲📲

📱hello📱

📱ရိပေါ်မင်းဘယ်တွေ ရောက်နေတာလဲ ရှောင်ကျန့် ရောအခု ဘယ်မှာလဲ📱

📱ရှောင်ကျန့် ဘယ်မှာရှိလဲ ငါဘယ်လိုလုပ်သိမလဲ 📱

📱မင်းလိမ်မနေနဲ့ ဟျောင့် ရှောင်ကျန့် မင်းနဲ့အတူ ရှိတယ် ဆိုတာငါသိတယ် ပြန်ပို့ပေးလိုက်ပါကွာ ဒီမှာ သူ့မားမား အသည်းအသန် ဖြစ်နေပြီ ကွ မင်းကိုယ်ချင်းစာလိုက်ပါကွာ 📱

📱ဒီမှာ ယွီပင်း ရှောင်ကျန့် ဘယ်မှာရှိလဲ ငါမသိဘူးလို့ ပြောနေတယ် မင်းဒီလို အဓိပ္ပါယ်မရှိတာတွေ ပြောနေရင် ငါ ဖုန်းချလိုက်တော့မယ် 📱

📱ဟျောင့် ရိပေါ် ရိပေါ် 📱

တဖက်က ယွီပင်းရဲ့ အသံမဆုံးခင်မှာဘဲ ဖုန်းကို ချလိုက်သည် မဟုတ်ရင် ဒီကောင် အရစ်ရှည်နေတာနဲ့ အရက်သောက် ပျက်တယ် စိတ်ပျက်စရာတွေ

ဘားမှ တနာရီ ကျော်လောက် ထိုင်ပြီးမှ အေးအေးဆေး​ဆေး အပန်းဖြေ အိမ်ယာကို မောင်းလာလိုက်သည် အရင်က အိမ်ဆိုတာကို တနှစ်နေလို့မှ တခါတောင်မပြန်ချင်တဲ့ ကျွန်တော်က အခုဆို အပန်းဖြေအိမ်ယာကိုအချိန်တိုင်းပြန်ချင်နေတာ ဘာလို့များပါလိမ့် သေချာတယ် အဲ့ဒါ ရှောင်ကျန့် ကြောင့် ဘဲကျွန်တော်ရဲ့ အချစ်တွေက သူ့အပေါ်မတရားဘူး ဆိုပင်မယ့် ကျွန်တော် သိတယ်ဒါပင်မယ့် မတတ်နိုင်ဘူး ကျွန်တော်မှ သူ့ကို အဆုံးရှုံးမခံနိုင်ဘဲ
နာရီဝက်လောက် ကားကို မောင်းပြီးနောက်ဆုံး အပန်းဖြေ အိမ်ယာကို ကျွန်တော်ပြန်ရောက်လာသည် အရင်ကဆို ကျွန်တော် ဘယ်လောက် ညနက်နက်ပြန်လာမှ မီးပိတ်တတ်တဲ့ သူ့အခန်းက အခုတော့ ဖြင့် မှောင်မဲလို့ ကျွန်တော့စိတ်ထဲ ဒိန်းခနဲ ဖြစ်သွားသည်သူ ထွက်ပြေးသွားပြီလားလို့
ကျွန်တော်လည်း အလန့်တကြား မြန်မြန်ကားပေါ်က ဆင်းပြီး အိမ်အပေါ်ထပ်ကို ပြေးတက်လိုက်သည်

အပေါ်ထပ်အခန်းရှေ့ရောက်တော့ တံခါးကို တွန်းဖွင့်လိုက်ချိန် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျွန်တော် အတော် ပြာသွားသည်

"ရှောင်ကျန့် ......................."

ကျွန်တော်အော်ပြီး သူ့အနားပြေးသွားပြီး သူ့ကို ပွေ့ချီလိုက်တော့ တကိုယ်လုံး သွေးတွေအပြည့်ဖြင့် ခန္ဓာကိုယ်ကလည်း တချက်မှမလှုပ်တော့သလို တချက်ကလေးမှလည်း အသက်မရှုတော့

It's Hurt 🌚🌚(Uni+zaw)mini fic #completed #Where stories live. Discover now