part 1

23.9K 847 6
                                    

Unicode========

တိတ်ဆိတ်ငြိမ်သက်နေတဲ့လူသွားလမ်းတခု လမ်းရဲ့ထိပ်ဖက်မှာ ကလေးတွေ​ေ ပြေးလွှား ကစားလို့ ရတဲ့ကစားကွင်း ရယ် ကစားကွင်းထဲမှာ မျက်နှာချင်းဆိုင် ရပ်နေတဲ့ ကောင်လေး နှစ်ယောက်ရယ် ကလွဲလို့ ဘယ်အရာမှ ရှိမနေခဲ့

ဘယ်ဘက်မှာရပ်နေတဲ့ကောင်လေးက သူ့ရဲ့လက်ထဲက ဖုန်းကို ညာဘက်မှာရပ်နေတဲ့ ကောင်လေးဆီကို ထိုးပြလိုက်ပြီး

"ဒါတွေကဘာတွေလဲ"

"ဘာကိုလဲမောင်ရဲ့"

"ဒီဓာတ်ပုံတွေလေ မင်းနဲ့မင်းအကောင်နဲ့ပုံတွေ "

"ကျိူးချန်နဲ့ပုံကိုပြောတာလား"

"အဲ့ဒါကိုမပြောလို့ ငါက ဘာကိုပြောရမှာလဲ"

" အဲ့ဒါက ဘာမှမဟုတ်ပါဘူးမောင်ရဲ့ ကျန့်ကျန့်တို့က ရိုးရိုးသားသား "

" ဘာကိုရိုးရိုးသားသားလည်း တစ်ယောက်နဲ့တစ်ယောက် နမ်းနေတာက ရိုးရိုးသားသားလား"

"နမ်းနေတာ ဘာကို နမ်းရမှာလည်း ဘာမှ မနမ်းဘူး တခြားသူတွေမယုံရင်တောင် မောင်ကယုံမယ်ထင်ခဲ့တာ "

"ငါကယုံရမှာလား မင်းနဲ့မင်းအကောင် မနမ်းဘူးဆိုတာကိုလေ"

"ဘာလို့မယုံပေးရတာလဲ ကျိူးချန်နဲ့ ကျန့်ကျန့်နဲ့ဆိုတာငယ်ငယ်တည်းသိပြီးသားကျန့်ကျန့်ရဲ့ ဖြစ်နေတယ်ဆိုရင် အခုမှမဟုတ်ဘူး အရင်ကတည်းက ဖြစ်မှာအဲ့လိုဆိုရင် ဒီအချီန်ဒီနေရာမှာ မောင်ဆိုတာရှိလာမှမဟုတ်ဘူး"

"ဟက် အခုတော့ဖြစ်ချင်တာတွေပြောနေပြီပေါ့ ငါလည်း မင်းကို ဘာကြည့်ပြီးကြိုက်ခဲ့မှန်းတောင်နားမလည်တော့ဘူး ချူးရန်တားတည်းက မလုပ်ဘဲနေခဲ့ရမှာ"

"မောင်အခု ဘာပြောလိုက်တာလဲ ဘယ်သူတားတည်းက ဘာဖြစ်တယ်"

"မင်းကိုတကယ် စိတ်ပျက်နေပြီ မင်းနဲ့ငါရှေ့ဆက်ဖို့တောင် ခက်ခဲနေပြီ"

"ဒီဘာမှမဟုတ်တဲ့ပုံလေးတပုံကြောင့် အခုစကားကိုပြောလိုက်တာလား"

"ဒါဘာမှမဟုတ်တဲ့ပုံလား ဒီပုံတပုံကြောင့်မင်းတို့ဘယ်လောက်နာမည်ကြီးနေလဲသိလား ငါဘယ်လောက်တောင် စိတ်ရှုပ်ရလည်းမင်းသိလား မင်းတို့ဘာသာမင်းတို့ အနေအထိုင်မဆင်မခြင်နေတာက ငါ့ကို့စိတ်ရှုပ်စေတယ် "

It's Hurt 🌚🌚(Uni+zaw)mini fic #completed #Where stories live. Discover now