အချစ်စစ်(အပိုင်း၁၈)

Start from the beginning
                                    

.နောက်ပိုင်းဟွမ်ရမ်ကယုန်ပေါက်လေးလို့ခေါ်တာကိုသူမကြိုက်သလိုပဲ...ဘာလို့လဲ...
ဟိုကောင်ကသူ့ဘာသူ.. သူကြိုက်တဲ့လူကို..သူခေါ်ချင်သလိုခေါ်တာလေ..ငါနဲ့ဘာများသက်ဆိုင်လို့လဲ.....
သူဘာမှမသိတော့ပါ...သူသိသည်ကဟွမ်ရမ်ထိုကောင်လေးကိုအရင်းတနှီးနဲ့နာမ်စားလေးတွေသုံးပြီးခေါ်နေတာကိုသူတကယ်ကိုမကြိုက်ဖူး....
.

.မသက်ဆိုင်တဲ့လူနှစ်ယောက်ဟာ ..အနာဂတ်မှာသက်ဆိုင်လာနိုင်ပေမယ့်...ကိုယ်ထင်သလိုမျိုးသက်ဆိုင်မှုမျိုးကမှမရနိုင်တော့ဘဲ...ကိုယ်လိုချင်တဲ့သက်ဆိုင်မှုမျိုးမဖြစ်တဲ့အဆုံး.
တစ်ဖက်လူနဲ့ရှေ့ဆက်လည်းမသက်ဆိုင်တော့တာပဲကောင်းပါတယ်လေ...
.
.
."ငါဖွင့်ပြောတော့မယ်"

စကားတစ်ခွန်းကသူ့အပေါ်သက်ရောက်မှုမရှိသင့်တဲ့စကားတစ်ခွန်းဖြစ်နေပါလျက်နဲ့
ဘာလို့လာသက်ရောက်နေရတာလဲ.....

အရင်ကဟွမ်ရမ်ဘယ်လိုပြောပြောဒီတိုင်းနေလာခဲ့သလို
ဒီစကားကြားမှဘာလို့နေရထိုင်ရတွေအဆင်မပြေဖြစ်လာရတာလဲ.....သူဘောပင်ကိုင်ထားသောလက်ကရပ်တန့်သွားတယ်ဆိုတာကလည်းရုတ်တရက်မို့ဖြစ်မှာပါ...တမျိုးကြီးမကြိုက်သလိုခံစားရတာကလည်း...

.ဟွမ်ရမ်လိုငယ်ငယ်ကတည်းကပေါင်းလာတဲ့သူငယ်ချင်းကြီးကိုဆုံးရှုံးရတော့မယ်လို့ခံစားရလို့ပဲဖြစ်မှာပါ.....

ဟုတ်တယ်သူ့ခံစားချက်တွေက..ဟိုကောင်လေးကြောင့်ဖြစ်တာတွေမဟုတ်ဝူး...သူခဏတာအထင်မှားခြင်းသက်သက်ပဲ
.
.
ဟွမ်ရမ်သူ့ကိုထားခဲ့ပြီ...ဟိုကောင်လေးကြောင့်.....

ထိုကောင်လေးကိုသူတို့စသိမိကတည်းကသူမကြိုက်တာတွေဖြစ်လာတာ...
သူမကြိုက်တဲ့ခံစားချက်တွေ..

ရှုပ်ထွေးတဲ့ခံစားချက်တွေကိုဖြစ်ပေါ်လာစေတာ....ကောင်းတာတွေမဖြစ်စေတဲ့ထိုကောင်လေးကိုသူ...

"မုန်းတယ်"

သူ့ကြောင့်သူတန်ဖိုးထားတဲ့သူ့သူငယ်ချင်းကိုဆုံးရှုံးခဲ့ရတာ....အရာအားလုံးသူ့ကြောင့်...

"အမုန်းတရားတွေသူနဲ့အစပျိုးခဲ့သလိုချစ်ခြင်းတရားတွေကလည်းသူနဲ့အစပျိုးပြန်တယ်"

အချစ်စစ်(Yizhan version)Where stories live. Discover now