Part-16

5K 295 9
                                    

Flash Back
      ကျန်းချန် အခန်းထဲပြေးဝင်လာပီး ဘယ်ကစပြောရမှန်းမသိဖူး ရှောင်ကျန့် ဟို ....ဟိုလေ

        "ဘာလဲ မြန်မြန်ပြောစမ်းပါ ကျန်းချန်ရယ် ငါနေကောင်းနေပီ အဲ့လောက်ဖြစ်မနေနဲ့ အပိုတေလုပ်တယ်"

           "ငါတောင်းပန်ပါတယ် ငါလုပ်လိုက်တာ အိုဗာဖြစ်သွားတယ်ထင်တယ် ဝမ်ရိပေါ် ကော ခုနကဖုန်းဆက်တယ် မင်းကိုသူ့နှလုံးပေးမှာတဲ့ ဂရုစိုက်ပေးဖို့မှာသွားတယ် ...💔

           ဘာ....ကိုကိုက ဘာလုပ်မှာ????ဟင့်အင်း
မလုပ်ရဖူး ငါ့ကြောင့်ကိုကိုတခုခုဖြစ်တော့မယ်ထင်တယ်😢 ငါစိတ်တွေလေးနေတယ်
Flash Back End###

    ရှောင်ကျန့် ဆေးသွင်းထားတဲ့ အပ်တေကိုဆွဲဖြုတ်ပီး အခန်းထဲကနေပြေးထွက်သွားတယ် ကျန်းချန်ရဲ့ လိုက်ပို့မယ်ဆိုတဲ့အော်သံကိုလဲဂရုမစိုက်နိုင်ဖူး ခုချိန်မှာသူ့အတွက်အရေးကြီးဆုံးက ကိုကိုအန္တရာယ်ကင်းဖို့မို့လို့
တွေ့တဲ့ တက္ကစီကို တားပီး အိမ်လိပ်စာပြောပြလိုက်တယ်

      အိမ်ထဲကိုပြေးဝင်တော့ အိမ်အကူအဒေါ်ကြီးက နှုတ်ဆက်တယ် အကိုလေးပြန်လာပီလား သခင်လေးတောင်သိပ်နေမကောင်းလို့တဲ့ အကိုလေးအခန်းထဲမှာ..

       "အဒေါ်ကြီး Family Doctorကိုဖုန်းဆက်ပေးပါ 3minအတွင်း အိမ်အရောက်လာပါလို့ မလာနိုင်ရင် သူထိုင်နေတဲ့ဆေးခန်းကို လူလွှတ်ပီး မီးရှို့ခိုင်းလိုက် ကြားလား..."

      "ဟုတ်ကဲ့ပါ သခင်လေး.."
        
          ရှောင်ကျန့်  အဒေါ်ကြီးကိုမှာပီးတာနဲ့ အိမ်ပေါ်ကိုပြေးတက်ပီး သူ့အခန်းကိုဝင်လိုက်တော့ ရိပေါ်ကိုကုတင်ပေါ်မှာလှဲနေတာတွေ့တယ် လက်ကောက်ဝတ်ကိုဓါးနဲ့သေချာဖြတ်ထားပုံရတယ် ကုတင်အောက်မှာ သွေးကွက်ကြီးက မနည်းမနော....

           ဟာ.....ကိုကို....အဲ့ဒါခင်ဗျားဘာလုပ်တာလဲ????

           "အော် ခလေး..ခလေး ရောက်လာတာလား ကိုကို့ကိုခွင့်လွှတ်နော် ပီးတော့ ဒီမှာ ကွာရှင်းစာချုပ်
ခလေး ဆန္ဒအတိုင်း လက်မှတ်ထိုးခဲ့တယ်"

       ရှောင်ကျန့် ရိပေါ်လက်ကောက်ဝတ်ကို ပုဝါနဲ့ယူပီး သွေးတိတ်အောင် အရင်စည်းလိုက်တယ် ပီးတာနဲ့ ကုတင်ပေါ်ကိုတက်ပီး ရိပေါ်ခန္ဓာကိုယ်ကြီးကို ရင်ခွင်ထဲပွေ့ပီး အော်ငိုတော့တယ် ခင်ဗျားကိုဘယ်သူကသေခိုင်းလို့လဲ
ဘယ်သူ့သဘောနဲ့လဲ???

ချစ်ရသူ ခင်ပွန်း💘(Complete )Where stories live. Discover now