Part-8

5.4K 269 17
                                    


ရိပေါ် မနက်နိုးလာတဲ့ထိ ရှောင်ကျန့်ကိုမတွေ့တော့ စိတ်ကမကြည်တော့ဖူး "ကျစ် ဒီကောင်လေး ညကလဲ အခန်းထဲဝင်မလာဖူးလား မသိဖူး"အခန်းပြင်ထွက်လိုက်တော့ မနက်စာပြင်နေတဲ့ကောင်လေးကိုတွေ့မှ သက်ပျင်းချနိုင်တော့တယ် စိတ်ထဲမှာ ဒီကောင်လေးကိုအိမ်မှာမြင်ရတာနွေးထွေးသလိုခံစားရတယ်

သေချာကြည့်မှ အကောင်လေး မျက်နှာကဖြူဖျော့ပီး
မျက်တွင်းတွေလဲ ညိုနေတယ် "ရှောင်ကျန့် နေမကောင်းဖူးလား ဆေးခန်းပြမလား"မေးတော့ ခေါင်းခါတယ်
ဒီကောင်လေး ကျန်းမာရေးကိုကြည့်ရတာ သူအားမရဖူး
ခေါင်းမာမနေနဲ့ ညနေကျဆေးခန်းသွားပြမယ်ပြောပီး ကုမ္မဏီကို ထွက်လာခဲ့လိုက်တယ်

​ရှောင်ကျန့် အပြင်မှာထုတ်မပြပေမဲ့ စိတ်ထဲမှာ ပျော်နေတယ် ငါ့ကို ဝမ်ကောက ဂရုစိုက်သားပဲ ညနေကျ ဆေးခန်းသွားပြရင် ဘာဝတ်သွားရင်ကောင်းမလဲ???
အဝတ်စားရွေးနေရင်း ရင်ဘတ်က အောင့်လာတာမို့ ကြမ်းပြင်မှာ ထိုင်ချလိုက်တယ်

Xiao Zhan>>>ခုတလော ရင်ဘတ်ကပိုပိုအောင့်လာတယ်
ဆေးတေလဲ မှန်မှန်သောက်နေရက်နဲ့ ဘာဖြစ်လို့ပါလိမ့် ငါ့ရောဂါကများ ပိုဆိုးလာတာလား ??? ဟော စဉ်းစားနေတာနဲ့ ညနေတောင်စောင်းနေပီ ဝမ်ကောပြန်လာတော့မယ်ဆိုပီး ပြင်ဆင်ပီး အိမ်ရှေ့မှာ ထွက်စောင့်နေတယ်

အဲ့ဒီအချိန်မှာ....
ခြံထဲကို ကားတစီးဝင်လာတယ် ရိပေါ်ရဲ့ကားမဟုတ်ဖူး Yang Ziရဲ့ကား ကားပေါ်ကနေ Yang Ziက ဆင်းလာပီး
ရှောင်ကျန့်ကိုမေးတယ် "ရိပေါ် အိမ်မှာရှိလား ပြောစရာရှိလို့ဆိုတော့ " သူက မရှိဖူး ခနနေပြန်လာမှာပြောပီး အိမ်ရှေ့ကိုပဲဆက်ငေးနေလိုက်တယ်

ရိပေါ်မရှိဖူးဆိုတာနဲ့ အတော်ပဲဖြစ်သွားတယ် YangZi ပတ်ဝန်းကျင်ကို တချက်ကြည့်ပီး ရှောင်ကျန့်ကို ပါးရိုက်ချလိုက်တယ်
ဖြန်....
ဖြန်း...
Xiao Zhan>>>ခင်ဗျား ဘာလုပ်တာလဲ ရူးနေပီလား ဘာလို့ ကျွန်တော့ကိုအသားလွတ် ပါးရိုက်တာလဲ ဆိုတော့
"ငါ့သတို့သားလောင်းကိုလုသွားတဲ့အတွက်လျော်ကြေးလို့မှတ်လိုက် ဒါတောင်အစပဲရှိသေးတယ် ငါပိုင်တာက​ြိလုတဲ့အတွက်မင်းနောင်တရလိမ့်မယ် "

ချစ်ရသူ ခင်ပွန်း💘(Complete )Where stories live. Discover now