Part-19

4.4K 229 6
                                    

ဒီနေ့အပြင်မှာ ရာသီဥတုသာယာတဲ့အတွက်
ရှောင်ကျန့်ကို ရိပေါ်ကအပြင်ခေါ်ထုတ်လာတယ် "ကလေး
ကိုယ်တို့အပြင်မသွားတာကြာပီနော် ကားမောင်းရင်း ကလေးလက်လေးကိုလှမ်းကိုင်ရင်းပြောတော့ ကလေးကတိုးတိုးလေးပြန်ပြောတယ် "

"ကောကလဲ ကျွန်တော်တို့အပြင်မှ မသွားဖူးတာ"ဆိုပီးပြောရင်း ဝမ်းနည်းသွားတယ်ထင် ကလေးကခေါင်းလေးငုံကြသွားတော့ ရိပေါ်က ကားကိုချက်ချက်းလမ်းဘေးချရပ်လိုက်တယ် "ကလေး ကိုယ့်ကိုကြည့်စမ်း"
ပြောခါမှ အကောင်ပေါက်လေးက မျက်ရည်ဥကြီးကပေါက်ခနဲ!!!

ကျစ်..."မငိုနဲ့ကွာ ပျော်စေချင်လို့ခေါ်လာမှကိုယ့်ကြောင့်ငိုရပြန်ပီ ပြောရင်းခါးပတ်ကိုဖြုတ်ပီးရှောင်ကျန့်ကိုယ်သေးသေးလေးကို သူ့ပေါင်ပေါ်ကိုရိပေါ်ဆွဲတင်လိုက်တယ် "တိတ်တိတ်မငိုနဲ့ကောက ကလေးလေးကိုအရမ်းချစ်တယ်သိတယ်မလားဆိုတော့ ခေါင်းငြိမ့်ပြတယ်"ရင်ခွင်ထဲဆွဲသွင်းပီးအငိုတိတ်အောင်ပွေ့ထားပီးမှ ဘေးကloveseatမှာပြန်ချပေးလိုက်တယ်

ဒီနေ့ဘယ်သွားချင်လဲမေးတော့ ကစားကွင်းတဲ့
ဟက်....ဘယ်လိုတောင်ကလေးဆန်လိုက်သလဲ??အူယားစရာလေးကွာဆိုပီး ခေါင်းကဆံပင်တွေဆွဲဖွတော့ မျက်လုံးရွဲကြီးနဲ့မော့ကြည့်လာတာကြောင့် မွ..😘ဆိုပီး
နဖူးကိုနမ်းတော့ ကားတံခါးဖွင့်ကာ အလျှင်အမြန်ပြေးဆင်းသူလေးနောက် လိုက်ရပြန်တယ်

ဟူး........ကလေးကိုချစ်ရင်တော့ ကလေးထိန်းရမယ် ရိပေါ်ရေဆိုပီး ကိုယ့်ကိုကိုယ်ပဲတရားနဲ့ဖြေနေရတယ်

ကစားကွင်းတကွင်းလုံးမနားတမ်းပတ်ဆော့နေတဲ့ကောင်လေးအတွက် ရိပေါ်ကဒီနေ့Sugar Daddyကြီး....
ဒါတောင်ကလေးက သူ့နဲ့အတူတူဆော့ပေးပါဆိုလို့
ရိုလာကိုစတာတွေ ရေလွှာလျှောတွေတူတူစီးပေးရသေး
တာ...သူကလန့်နေတာအကောင်ပေါက်ကတော့ပျော်လို့ပဲ
"ဘုရားဘုရား....အငယ်တွေနဲ့ကြိုက်တဲ့လူတွေရဲ့ဒုက္ခမသေးပါလား"ဆိုပီးသူတွေးလိုက်မိတယ်".......

ကောရေ.....ဟော...ဒါရှောင်ကျန့်သူ့ကိုချွဲချင်တဲ့အခါပြောတဲ့လေသံပါလား...ကဲပြော..ကလေးဘာလိုချင်ပြန်ပီလဲ?"ရေခဲမုန့်စားချင်လို့ ဆိုပီး နှုတ်ခမ်းလေးကိုလျှာနဲ့သတ်ပြတဲ့ကလေးကို သူ့ကိုစိန်ခေါ်နေတာလားဆိုပီးတွေးမိသေးတာ အမှောင်အမဲခေါင်းဆောင်ရိပေါ်ကတော့🌚

ချစ်ရသူ ခင်ပွန်း💘(Complete )Where stories live. Discover now