ကျောင်းထဲသို့ ရိပေါ်ခြေလှမ်းလိုက်သည်နှင့် မိန်းကလေးကအစ ယောက်ျားလေးအဆုံး လည်ပြန်ငေးရသည်။ မိန်းကလေးတွေကတော့ နှာဘူးကျချင်လို့ငေးတာ။ ယောက်ျားလေးတွေကတော့ ရိပေါ်ရဲ့Fashionကြောင့်။

အင်္ကျီအဝါ hoodieလက်ရှည်ကိုဝတ်ဆင်ထားပြီး ဂျင်းပြာရောင် ဘောင်ဘီခပ်ပွပွနဲ့ မျက်နှာဖြူဖြူထက် ခပ်ရဲရဲနှုတ်ခမ်းတစ်စုံက နေရာယူတယ်။ ဆံပင်ခပ်အုပ်အုပ်က နှဖူးရှေ့ပျံဝဲကျနေပုံက အခြားသူသာဆို ဖြစ်ကတက်ဆန်း ဖြစ်နေနိုင်ပေမယ့် သူကဘယ်သူမို့လဲ။ ရိပေါ်လေ ဝမ်ရိပေါ်။ သူဝတ်ဆင်ထားတဲ့fashionနဲ့ သူ့ဆံပင်ကေက လိုက်ဖက်နေတာမဟုတ်လား။

lollipopတစ်လုံးကို ငုံရင်း ခပ်မိုက်မိုက်လမ်းလျှောက်လာတဲ့ ရိပေါ်ကို ဟောက်ရွှမ်းတို့မှ အပင်တစ်ပင်အောက်က ထိုင်ခုံပေါ်မှာထိုင်ရင်း လက်လှမ်းပြတယ်။

"ရိပေါ် ငါတို့ဒီမှာ"

အာကျယ်မ လင်းရှန့်ရဲ့အသံက ရိပေါ်ရဲ့ သာယာတဲ့ မနက်ကို ဖျက်စီးပါတယ်။

"ကိုယ်တော်ချောရယ် လာမှလာပါ့မလားလို့
အရင်တစ်ပတ်ကလည်း တစ်ရက်မှ ကျောင်းမတက်ဘူး"

"ငါဖျားနေလို့ပါဟာ"

"ယုံချင်အောင်ပြောငနာလေးရေ"

လင်းရှန့်အစား ဟောက်ရွှမ်းမှဝင်ပြောပေးသည်။ သူတို့ယုံကြည်ရမယ့်သူထဲ ရိပေါ်မပါပေ။

"ဖေ့သားလေးကလည်း ငါကအဟုတ်ပြောနေတာဟ"

"ဒါနဲ့မေးပါအုံးမယ်၊ မနေ့က မင်းတင်ထားတဲ့postအောက်မှာ အသဲမန့်သွားတာ ဘယ်သူလဲ၊ မင်းနဲ့အသိလား"

ကျိရန်ရဲ့အမေးကို ရိပေါ်က ခေါင်းခါတယ်။

"မသိဘူး၊ ဘယ်တစ်ယောက်လဲ၊ ငါ့postအောက် အသဲပေးတဲ့သူတွေက အပုံကြီး"

"နောက်ကျောပေးပုံနဲ့လေကွာ၊ waiting for youဆိုလား"

"အော်....ငါသိပြီ"

"အင်း မင်းနဲ့အသိလား"

"မသိပါဘူး၊ ငါသိတဲ့သူက ဒီက ငမြောက်ငခြောက် သုံးကောင်ပဲရှိတာ"

"မင်းကရော ငမြောက်ငခြောက်ပဲ မဟုတ်ဘူးလား"

"မဟုတ်ဘူး၊ ငါကစော်ကြည်ဘဲလေကွာ"

CRUSH [Completed]Where stories live. Discover now