" အရင်ဆုံး ငါတို့ Doctor ဆီ အရင်သွားကြရအောင်.... "

Kai လဲကျတော့မယောင်ဖ့စ်နေတဲ့ Chan ကို ထိန်းကာ Doctor ဆီသို့ထွက်လာခဲ့သည်။

သူတို့နှစ်ယောက်နောက်က လူတစ်ယောက်လိုက်လာခဲ့သည်ကိုတော့........

>>>>>>>>>>>>>>>>>>>>>>>>>>

Chan နဲ့ Kai Doctor ဆီကပြန်လာပြီး အခန်းထဲဝင်လာကြသည်။

" ငယ်.... "

" Chan.. သမီးလေးက........ "

Kyungsoo စကားထပ်မဆိုဘဲ ရပ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် Chan က ရောက်ရောက်ချင်း ကလေးဆီမသွားဘဲ Kyungsoo ကို သွားဖက်လိုက်တာကြောင့်....
အနားက သူတွေက ...

" ပိုကိုပိုတယ် မင်း သမီးကိုလည်း တစ်ချက်လောက်မေးအုံး "

" အေးလေ သမီးလေးက သူ ဝင်လာကတည်းက လိုက်ကြည့်နေတဲ့ဟာကို "

တစ်ယောက်တစ်ခွန်းပြောနေကြပေမဲ့ Chan က ဘာမှပြန်မပြောပေ..

ဖက်လို့အားရကာမှ Kyungsoo မျက်နှာလေးကိုကြည့်ကာ လွှတ်ပေးလိုက်လေသည်။

Chan ရဲ့ လက်က လွှတ်တာနဲ့ Kyungsoo က Suho လက်ထဲက သမီးလေးကို ပွေ့ကာ

" Chan သမီးလေးက မင်းနဲ့တူတာသိလား မျက်ခုံးရော မျက်လုံးရော နှုတ်ခမ်းလေးရောပဲ ဒါပေမဲ့ ပါးဖောင်းဖောင်းလေးက ငါနဲ့တူတာတဲ့ ချစ်စရာလေးမလား Chan .. "

" အင်း ချစ်စရာလေး ပေး ကိုယ်ချီမယ်လေ ငယ် က နေပြန်ကောင်းမှချီနော် "

" ဟင် ငါက ဖျားနေတာမှမဟုတ်တာ "

" မဟုတ်ဘူးလေ ကိုယ်ပြောတာက ငယ် က ဗိုက်ခွဲထားတာလေ ခိုက်မိမှာဆိုးလို့ပါကွာ .. ချုပ်ရိုးဖြေပြီးမှ ချီလေ .... "

" မရပါဘူး Chan ကလည်း "

" ကဲပါ အခုနားလိုက်အုံး.. "

" နေအုံးသား မေမေတို့ပြောအုံးမယ် မြေးမလေးရဲ့နာမည်ကို ဘယ်လိုပေးမယ် စဉ်းစားထားလဲ "

" မေမေတို့ရော ဘယ်လိုစဉ်းစားထားလဲ ကျွန်တော်က ကြွေရုပ်လေးလို့ပဲခေါ်နေတာ "

Kyungsoo က ဝင်ပြောလေသည်။

" မေမေတို့ သဘောကျတဲ့နာမည်ပေးလေ .... ကျွန်တော်က ငယ်နဲ့ မေမေတို့သဘောပဲ "

Happy House(U+Z)Where stories live. Discover now