Uni
***အဆင့်များပြီးခက်တဲ့ပုစ္ဆာတွေက အမှတ်များများရတက်တယ်တဲ့.. ဒါပေမဲ့အဖြေမှန်ဖို့တော့လိုတာပေါ့...
ကိုယ်လည်း မင်းနဲ့ပက်သက်ပြီးတွက်ခဲ့တဲ့ပုစ္ဆာရဲ့အဖြေဟာ မှန်ကန်မယ်လို့မျှော်လင့်ရင်း......
____________________________" မင်း အကုန်သိသွားပြီဆိုတော့ ဘာများပြောခဲ့ချင်လဲ ငါကမင်းကို အဆုံးသတ်ပေးတော့မှာဆိုတော့..ဟက် "
" အဲ့စကားကို ကျွန်တော်ကပြောသင့်တာမလား Do Minyoon "
" ဟက် မင်းက ငါ့ကိုဖမ်းနိုင်မယ်ထင်လား "
" ခင်ဗျားကရော ကျွန်တော့်ကို နိုင်မယ်ထင်လို့လား "
Chanyeol ရဲ့ခပ်ရွဲ့ရွဲ့စကားအဆုံးမှာ ပစ်ဆိုတဲ့အသံနဲ့အတူ သေနတ်ပစ်ခတ်သံတွေဟာ ထွက်ပေါ်လာခဲ့သည်။
Chanyeol ဟာ သေနတ်သံထွက်ပေါ်လာတာနဲ့တစ်ပြိုက်တည်း ကားပေါ်ပြေးတက်ခဲ့တာကြောင့် လုံခြုံသေးတယ်ပြောရမည်။ ဒါပေမဲ့ ကျည်ဆန်တွေဟာ မိုးရွာသလို နေရာအနှံ့ပြန့်နေတာကြောင့် အကုန်လုံးအကွယ်မှာသာနေနေရသည်။
" မဖြစ်တော့ဘူး ငါသူတို့ဘက်ကိုသွားမယ် "
" မဖြစ်ဘူး!! "
Chanyeol ရဲ့စကားကြောင့် Chanyeol ရဲ့အတွင်းရေးမှူး တားလေသည်။
" မတားနဲ့ ငါသွားမှရမှာ "
" ဒါပေမဲ့ Boss!! Boss!! "
အတွင်းရေးမှူးလေးရဲ့စကားမဆုံးခင်မှာပဲ Chanyeol ကထွက်သွားခဲ့လေသည်။
" အခုချက်ချင်းရပ်လိုက်တော့ Boss က ဟိုဘက်ကားပေါ်ရောက်သွားပြီ "
ဟုတ်ပါတယ် မျက်စိတစ်မှိတ်အတွင်းရောက်သွားတဲ့ Chanyeol ကြောင့် Chanyeol ဘက်ကလူတွေ ပစ်ခတ်နေတာကို ရပ်လိုက်ရလေသည်။
အဲ့အချိန်မှာပဲ Lay နဲ့ Suho တို့ရဲ့အကူတွေရောက်လာလေသည်။
ဟိုဘက်က အခြေနေမဟန်တာကြောင့် အကုန်လုံးနောက်ဆုတ်ပြေးလေတော့သည်။ Chanyeol ပါ ပါသွားတာကြောင့် Lay နဲ့ Suho ဟာ ကားပေါ်ပြေးတက်ကာ ထိုကားတွေနောက်လိုက်လေတော့သည်။Chanyeol ကားပေါ်ရောက်တုန်းရှိသေးတယ် တစ်ဖက်ကဓားထုတ်ကာတိုက်ခိုက်လာတာကြောင့် ထိုလူနဲ့တိုက်ခိုက်နေရသည်။ ထိုအချိန်မှာပဲ ကားပေါ်လူတစ်ယောက်တက်လာကာ မောင်းထွက်သွားလေသည်။ သို့သော်လည်း Chanyeol နဲ့ ထိုလူကတော့ တိုက်ခိုက်၍မပြီးနိုင်သေး။
YOU ARE READING
Happy House(U+Z)