Uni
*** Physic ရဲ့သဘောတရားအရကမ္ဘာကြီးရဲ့ဆွဲအားကြောင့်သာ အရာဝတ္တုတွေတည်ရှိနေတယ်ဆိုရင်
ကိုယ်ကတော့ မင်းတစ်ယောက်ထဲရဲ့ဆွဲအားကြောင့်တည်ရှိနေတာပါ......_________________________
KS Chan နဲ့ဝင်လာတဲ့အခန်းကို အာရုံမစိုက်နိုင်ပဲ Chan က သူ့ကို ဘာမှမပြောပဲလုပ်ထားတာတွေကို ရှင်းပြစေချင်မိသည်။ ကုတင်ပေါ်မှာထိုင်နေရင်း Chan ကိုမေးခွန်းတွေထုတ်မိသည်။ မဖြေချင့်ဖြေချင်ပြောလာတဲ့ Chan ရဲ့စကားအဆုံးမှာ ။ KS ပြုံးမိသည်။ အကုန်လုံးကိုမဖြေဘဲ ချန်ထားခဲ့ပေမဲ့ Chan မလိမ်ဘူးဆိုတာ သူယုံပါသည်။ နောက်တော့စကားပြောရင်းဖောက်လာတဲ့ Chan ကြောင့် ဘယ်လောက်ပဲအတူနေခဲ့ပါစေအုံး ရှက်တာက ရှက်တာပဲဖြစ်သည်။
KS : " ဘယ်လိုဖြစ်နေတာလဲ Chan "
Chan : " ကိုယ်တို့အတူမနေတာကြာပြီလေ "
KS : " အဲ့တာဘယ်သူ့ကြောင့်လဲ "
Chan : " ငယ် ကြောင့်လေ။ မငြင်းနဲ့တော့ ငယ် ရာ "
KS : " ဟာ Chan !! "
KS တစ်ယောက်ယောက်ပြောလဲပြောရုန်းလည်းရုန်းသည်။ ရုန်းရင်းအခန်းတစ်လုံးကိုဝှေ့ကြည့်မိတော့ Chan ပြင်ဆင်ထားတဲ့အပြင်ဆင်ကြောင့် ရင်တွေတောင်ခုန်လာရသည်။ Chan KS ရဲ့ပါးတွေကိုနမ်းနေရင်း နှုတ်ခမ်းတွေဆီသို့ဦးတည်လိုက်တုန်း
" ဒေါက် ဒေါက် "
Chan : " ကျစ် "
KS ကိုဖက်ရင်းဆူပုတ်သွားသော Chan ရဲ့မျက်နှာ ။ KS ကတော့ တစ်ခစ်ခစ်နဲ့ရယ်လေသည်။
KS : " ခ်ခ်ခ် Chan သွားလေ။ တံခါးရှေ့မှာစောင့်နေရတာအားနာစရာကြီး ခ်ခ်ခ် "
Chan : " ရီမနေနဲ့ ငယ် "
KS : " အင်းပါ မရီတော့ဘူး ခ်ခ်ခ် "
Chan : " ငယ်! ရီထားအုံးပေါ့ ငယ် ရာ။ ညကျရင် ငယ် ပြေးမလွတ်ပါဘူး"
ဆိုကာကြိမ်းသွားသောChanကြောင့် KS ရီသံလေးတိတ်သွားကာ ကျောပင်ချမ်းသွားသည်။ ရုပ်ကြီးကတကယ်လုပ်မဲ့ရုပ်ကြီးမို့ ညအတွက်ပြေးဖို့လမ်းရှာဖို့KSတစ်ယောက်ထိုင်တွေးနေသည်။
Chan တစ်ယောက်မျက်စိရှေ့မှာရှိနေသော အစားပွဲကြီး လွတ်သွားတာကြောင့် တံခါးလာခေါက်တဲ့သူကို မေတ္တာတွေ အထပ်လိုက်ပို့နေမိသည်။
YOU ARE READING
Happy House(U+Z)