💚❤Ep.8(Z+U)💚❤

1.9K 185 1
                                    

💧Oasis(绿洲)💧

💚အပိုင်း၈❤

Zawgyi

"ညီညီ မင်းဒါကိုဘယ်ကရလဲ"

"တိုတို တား……ဟို……"

"မှန်မှန်ပြောညီညီ ဒါတော်ရုံလူ
ဝယ်စားနိုင်တဲ့သကြားလုံးမျိုးမဟုတ်ဘူး
မင်းဒါကိုဘယ်ကရလဲ ပြောစမ်း!!!

"ကျောက်လိန် သား  အဲသကြားလုံးတွေက
ရိပေါ်လေးကိုချစ်လို့ ကျွေးသွားတာပါကွယ်
ကလေးကိုတအားမဆူပါနဲ့ "

အန်တီစုဝင်ပြောပေးတော့မှ

"ဟုတ်လား ညီညီ
ကိုကိုက တမျိုးထင်မိသွားလို့ ပါ
ကိုကို့ ကိုစိတ်မဆိုးပါနဲ့ နော်"

"တိုတို တားက ခိုးတာမဟုတ်ပါဘူး
တားကို ပေးသွားတာပါ"

"ကိုကိုမှားသွားတယ် မငိုနဲ့ တော့နော်"

တိုတိုဖြူဖြူပေးခဲ့တာလို့ ပြောရင်
တိုတိုစိတ်ဆိုးလိမ့်မယ် တားမပြောတော့ဝူး

……………………………………………………

ကျောင်းစဖွင့်တဲ့နေ့ 

"မား သားထမင်းချိုင့်ရပြီလား"

"ရပါပြီ သားရဲ့ "

"ဟင်းကော ကောင်းရဲ့ လား"

"အကိုကိုယ်တိုင်မနက်က အစောကြီးဈေးသွားပြီး
မားကိုညီလေးအကြိုက်ချက်ခိုင်းထားတာ
ရော့ ညီလေး ဒါ လွယ်အိတ်အသစ် စာရေးကိရိယာအကုန်ထည့်ပေးထားပြီးသား
ကျောင်းကိုအသင့်လွယ်သွားရုံပါဘဲခဗျာ"

"မား သားညီလေးကိုကျောင်းသွားပို့ ပြီနော်"

"အေအေ သား စက်ဘီးကိုလမ်းဘေးကပ်မောင်းနော်"

ဖေးဖေးထွက်သွားတဲ့သား၂ယောက်
ကျောပြင်ကိုကြည့်ရင်း

"မား ဒီကျောင်းစုတ်မှာ သားမတက်ချင်ဘူး
ဒီကျောင်းကမကောင်းဘူး မြို့ ထဲက
ကျောင်းမှာသားကိုပြောင်းထားပေး"

အတန်းပိုင်ဆရာမကိုယ်တိုင်ကလဲ

"အမ ကျောက်လိန်လေးက စာတော်တယ်
ကျမတို့ ကျောင်းဂုဏ်ဆောင်ဖြစ်ပင်မဲ့
ကလေးကိုဒီထက်ကောင်းတဲ့ကျောင်းထားရင်
ကလေးအနာဂတ်လေးပိုကောင်းမယ်ထင်လို့ 
ကျမအကြံပေးတာပါ ထောက်အပံ့ကောင်းကောင်းသာရှိရင်
ကလေးအောင်မြင်မဲ့ကလေးဆိုတာ ကျမယုံကြည်တယ်"

Oasis(Completed)Where stories live. Discover now