💚❤Ep.52(Z+U)💚❤

2K 136 4
                                    

💧Oasis(绿洲)💧

💚အပိုင်း၅၂❤

"မောင် သူကဘယ်သူလဲဟင်"

"စစ် ဒီကိုခဏလာပါအုံး"

ကျန်းကောက ထိုကောင်လေးကိုဖြေးဖြေးသွားတွဲခေါ်တယ်

"ဖြည်းဖြည်းလျှောက်"

ထိုကောင်လေးမှာ ကျန်းမာရေးသိပ်ကောင်းဟန်မပေါ်။
အသားဖြူဖြူခန္ဓာကိုယ်သေးသွယ်ကာ
အရပ်ကမဆိုစလောက်လေးနိမ့်ပင်မဲ့  တချက်ချက်ကြည့်လျှင်မောင်နဲ့ပင်ဆင်နေသေးတယ်

"ကိုကို ဒါမောင့်အစ်ကို ဝမ်စစ်ပေါ်တဲ့"

အနှီကောင်လေးက အသိအမှတ်ပြုဟန် ပြုံးကာခေါင်းလေးညိမ့်ပြတယ်

ရှောင်းကျန့် ကတော့ အံ့သြလျှက်

"မောင် မောင့်ပြောတော့အစ်ကိုကဆုံးပြီဆို
ဘယ်လိုဖြစ်ပြီး…"

"မောင်လဲ အဲလိုထင်ခဲ့တာ
လွန်ခဲ့တဲ့၃နှစ်လောက်ကမှ
အန်တီရှင်းရဲ့ ကျေးဇူးကြောင့်
စစ်ကောကိုပြန်ရှာတွေ့ တာ"

"မောင် မောင်အစ်ကိုက
မောင့်ထက်တောင်ပိုငယ်သလိုဘဲနော်"

ထိုစကားကိုရှောင်းကျန့်  ပြောတော့
ရိပေါ်က အလိုမကျဟန်မျက်မှောင်ကျုံ့ ကာ

စစ်ပေါ်ကတော့ ဖြူဖျော့စွာပြုံးရင်း

"ဒေါက်တာကတော့ မြှောက်နေပြန်ပါပြီ"

ကျန်းယမ့်က ဆိုတယ်

"ညီလေးရေ စစ်နဲ့ အကိုက
အသက်တူတူဘဲသိလား
၂ယောက်လုံး၃၅နှစ်ကျော်နေပြီ"

"ဒါပင်မဲ့ အကိုကျန်းက အိုနေသလိုဘဲ"

"ဟား…ဟား…ဟား"

ညီကိုတွေ တယောက်နဲ့တယောက်စလိုက်နောက်လိုကဖြင့်။

ဖေးဖေးကတော့ သားတွေကိုကြည့်ကာ
ပြုံးရွှင်နေလေ၏။

သူမဘဝအရာရာပြည့်စုံသွားပြီလေ

အိမ်ရှေ့ ကွပ်ပျစ်မှာ ညီကိုလေးယောက်ထိုင်နေရင်း
ရှေးဟောင်းနှောင်းဖြစ်တွေပြန်ပြောနေကြသည်။

"စစ် မင်းချမ်းနေပြီလား"

"ငါမချမ်းပါဘူး ကျန်းယမ့်ရယ် "

Oasis(Completed)Where stories live. Discover now