💚❤Ep.4(Z+U)💚❤

2.8K 232 6
                                    

💧Oasis(绿洲)💧

💚အပိုင်း၎❤

Zawgyi

ကျနော့်ရဲ့ညီလေးလိုချင်တဲ့ရောဂါကြောင့်
ပါးနဲ့ မားဆီမှာကျနော်အပြင်
အခုညီလေးတယောက်ပါထပ်ရှိနေပါပြီ

"ကျနော်ညီလေး နာမည်က ဝမ်ရိပေါ်တဲ့"
အရမ်းကိုချစ်စရာကောင်းပြီး အရမ်းလဲလည်တဲ့
ကျနော့်တို့ အိမ်ရဲ့ ဆည်းလည်းလေး"

အလုပ်ကပြန်ရောက်တော့
ကျနော်ညီလေးကိုခဏထိန်းပေးနေရင်း

"စစ်ပေါ်ရေ ဝမ်စစ်ပေါ်"
ကျနော့်ရဲ့ ငယ်ပေါင်းသူငယ်ချင်းကြီးရဲ့ အသံ

"ကျန်းယမ် ငါအိမ်ဘေးမှာ"

"ကလေးကိုခဏချထားလိုက်
ငါနဲ့မြို့ ထဲလိုက်ခဲ့ပေး"

"တရက်လေးအလုပ်နားပါတယ် နားရမလားမှတ်တယ်
ဘာဖြစ်ပြန်ပြီလဲ ကျန်းယမ်ရယ်
မင်းညီကျောက်လိန် ဘာထပ်ပူဆာပြန်ပြီလဲ

"ငါ့ညီလေးက ငါတို့ လိုမဟုတ်ဘူးကွ
ကျောနာလို့ ရိုးရိုးကြမ်းပြင်မှာမအိပ်နိုင်ဘူး
ဒါကြောင့် ငါစုထားတဲ့ပိုက်ဆံလေးနဲ့
ညီလေးအတွက် မွေ့ ယာလေးဝယ်ပေးမလို့ "

"ငါ့လဲငါ့ညီကိုချစ်တာပါဘဲ ကျန်းယမ်ရယ်
ဒါပင်မဲ့မင်းညီကိုမင်းချစ်တာကြီးက လွန်လွန်းအားကြီးတယ်"

"ဒီမှာကျန်းယမ် အလိုလိုက်တိုင်းမကောင်းဘူး
တလောကဘဲ မင်းညီအကျီအသစ်လိုချင်တယ်ဆိုလို့ 
မင်းနေ့စားအုတ်သွားသယ်တာ ငါသိတယ်နော်
မင်းမားသိရင်စိတ်ကောင်းမှာမဟုတ်ဘူး
ငါတို့ မှာ တနေ့တနေ့ခြေတိုအောင်လျှောက်ရတဲ့ ဟိုတယ်ဝိတ်တာအလုပ်ကလဲပင်ပန်း
ဒါတောင်မင်းကအားတဲ့နေ့ကို အုတ်သွားသယ်လိုက်သေးတယ်"

"မင်းကလဲ  ပေါက်ပေါက်ဖောက်ချက်ကတော့
အဖွားကြီးကျနေတာဘဲ ငါ့ညီလေးကငါတို့ နဲ့မတူဘူးကွ
ညီလေးကစာလဲတော်တယ်ဥာဏ်လဲကောင်းတယ်"

"ငါကငါ့ညီလေးကိုဘွဲ့ ရပညာတက်ကြီး
ဖြစ်တဲ့အထိလိုလေသေးမရှိအောင်ထားမှာ
ပညာမတက်တဲ့ငါတို့ဘဝတွေအတွက်
ငါ့ညီလေးက ငါတို့ မိသားစုရဲ့ တခုထဲသောမျှော်လင့်ချက်ဘဲကွ
ဒါတွေမင်းမသိပါဘူးကွာ"

Oasis(Completed)Where stories live. Discover now